
အနာဂတ်အတွက် အသင်းနဲ့ဆွေးနွေးမှုပြုလုပ်လာတဲ့ ရီးရဲလ်စတား
သတင်းတွေအရ ရီးရဲလ်အသင်းဟာ တောင်ပံကစားသမား ရိုဒရီဂိုကို ပေါင် ၈၇ သန်းနဲ့ရောင်းချဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
ရိုမာနိုက သူ့ရဲ့ယူကျူ့ဘ်ချန်နယ်ကနေ ဘရာဇီးသားဟာ အသင်းကနေထွက်ခွာနိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပြီး အသင်း နဲ့ ကစားသမားကြားမှာ စတင်ဆွေးနွေးနေပြီလို့ ဆိုပါတယ်။
အသက် ၂၄ နှစ်သားဟာ အသင်းကိုချစ်မြတ်နိုးပေမယ့် ရီးရဲလ်ဘက်က ပေါင် ၈၇ သန်းရမယ်ဆိုရင် ရောင်းချဖွယ်ရှိနေပါတယ်။
ဘရာဇီးသားကို အာဆင်နယ် နဲ့ လီဗာပူးအသင်းတို့က ချိတ်ဆက်နေပါတယ်။ ရီးရဲလ်အသင်းဘက်က ရိုဒရီဂိုရဲ့စွမ်းဆောင်ရည်ဟာ အမြင့်ဆုံးအနေအထားမှာရှိမနေတဲ့အပြင် ကစားသမားကလည်း ဗင်နီ နဲ့ ဘာပေတို့နောက်မှသာ ပါဝင်ခွင့်ရနေတာကြောင့် အသင်းကနေထွက်ခွာချင်နေပါတယ်။
အလွန်ဆိုအနေနဲ့လည်း ရိုဒရီဂိုနဲ့ပတ်သက်ပြီး သူ့ရဲ့ရပ်တည်မှုကို ပြောင်းလဲဖွယ်မရှိပဲ ကလပ်ကမ္ဘာ့ဖလားမှာပါ အရန်အဖြစ်အသုံးပြုခဲ့ပါတယ်။ အာဆင်နယ် နဲ့ လီဗာပူးတို့က အလိုရှိနေပေမယ့် ကစားသမားရဲ့လုပ်ခလစာကြောင့် အခက်တွေ့နိုင်ပါတယ်။ “ရိုဒရီဂို နဲ့ ရီးရဲလ်တို့ကြား အကြိမ်ပေါင်းများစွာစကားပြောခဲ့ပါတယ်။ ကစားသမားက အပြောင်းအလဲလုပ်ထားနိုင်သလို ကြီးမားတဲ့အခွင့်အရေးလည်းရှိနေပါတယ်။
အသင်းနဲ့ဆွေးနွေးနေချိန်မှာ အဆင်ပြေပေမယ့် ရောင်းချဖို့လည်း လမ်းဖွင့်ထားခံရပါတယ်။ တကယ်လို့ သူသာထွက်ခွာချင်တယ်ဆိုရင် အသင်းဘက်က ရောင်းချမှာပါ။ ဒါက စာချုပ်အခြေအနေတွေပါ။ ယူရိုသန်း ၈၀ ဆိုပေမယ့် ကျွန်တော်ကြားတာတော့ ရီးရဲလ်ဘက်က အဲ့ထက်ပိုလိုချင်နေပါတယ်။ သူတို့ ယူရိုသန်း ၁၀၀ ကျော်လောက်အလိုရှိနေပါတယ်။ အဲ့နောက် တန်ကြေးက လျော့ကျနိုင်ချေရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ရီးရဲလ်ကရောင်းချနိုင်သလို ကစားသမားဘက်က ဆုံးဖြတ်ရမှာပါ။ တစ်ဖက်မှာ ရိုဒရီဂိုအနေနဲ့ ပြည်ပကိုထွက်ပြီး အသင်းသစ်မှာ အတွေ့အကြုံကောင်းတွေရယူနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။ အခြားတစ်ဖက်မှာတော့ ကစားသမားက ရီးရဲလ်ကို ချစ်မြတ်နိုးတာကြောင့် ထွက်ခွာဖို့က ခက်ခဲနိုင်ပါတယ်။ အသင်းအတွက် သူအများကြီးပေးဆပ်နိုင်သေးတယ်လို့ ထင်မြင်နေပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲပါ။
ရိုဒရီဂိုဘက်က ထွက်ခွာမယ်လို့ ဆုံးဖြတ်ခဲ့ရင် ခေါ်မယ့်အသင်းတွေအများကြီးရှိနေပါတယ်။ သေချာတာက ပရီးမီးယားလိဂ်အသင်းတွေတင်မဟုတ်ပါဘူး။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရိုဒရီဂိုအခြေအနေက ဆက်သွားနိုင်ပါတယ်။ ရီးရဲလ်အသင်းက ဆုံးဖြတ်ရမှာထက် ကစားသမားဘက်က ဆုံးဖြတ်ချက်ပိုချရမှာပါ”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားရဲ့တန်ကြေးက မြင့်မားတာကြောင့် ခေါ်ယူမယ့်အသင်းတွေက လက်တွန့်နေဆဲဖြစ်ပြီး အင်္ဂလန်ကိုရောက်လာခဲ့ရင် လီဗာပူးစတား ဝီရက်ဇ်လိုစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ကစားသမားထပ်ဖြစ်လာဖွယ်ရှိနေပါတယ်။