အမ်ဘာပေရဲ့ဂျာစီကို ဘာကြောင့်တောင်းယူခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အလာဗက်စ်နည်းပြ
အလာဗက်စ်နည်းပြကွီကေးဆန်းချက်ဇ်ဖလောရက်စ်က ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး အမ်ဘာပေဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမ်ဘာပေကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး အမ်ဘာပေက သူ့ရဲ့ဂျာစီကို ဆန်းချက်ဇ် ဖလောရက်စ်ဆီ ပေးအပ်ဖို့ သဘောတူခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ DAZN သတင်းဌာနက " အလာဗက်စ်နည်းပြဆီ အမ်ဘာပေကိုယ်တိုင် ဂျာစီအင်္ကျီပေးခဲ့ချိန် နည်းပြက သူ့မိသားစုမှာ ကလေးငယ်တွေ အများကြီးရှိပြီး အဲဒီကလေးတွေက အမ်ဘာပေကို အလွန်အားကျနှစ်သက်လို့ အခုလို ပြင်သစ်ကြယ်ပွင့်ဆီမှ ဂျာစီတောင်းယူခဲ့တာပါလို့ ပြောခဲ့ပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် "ဒါမျိုးဆိုတာ အမ်ဘာပေအတွက် ပုံမှန်လိုဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုမျိုးတွေ အမြဲတမ်း ကြုံတွေ့နေရလို့ပါပဲ" လို့လည်း ရှင်းပြခဲ့ပါတယ်။
လက်ရှိမှာတော့ အလာဗက်စ်က လာလီဂါအမှတ်ပေးဇယားအဆင့်-၁၈ နေရာဆီ ရောက်ရှိနေပြီး တန်းဆင်းဇုန်တိုက်ပွဲကို အပြင်းအထန်ဆင်နွှဲနေရပါတယ်။