နည်းပြရာထူးအတွက် ဇာဘီအလွန်ဆိုနဲ့ ချဲလ်ဆီး အဆက်အသွယ်လုပ်နေ
ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇာဘီအလွန်ဆိုနဲ့ အဆက်အသွယ်တွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က နည်းပြ လီယမ် ရိုဆင်နီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်တစ်ဦးကို ရှာဖွေဖို့ ပြင်ဆင်နေတာပါ။
အသင်းရဲ့ တာဝန်ရှိသူတွေကတော့ နည်းပြသစ်ကို အချိန်ယူပြီး စနစ်တကျ ရွေးချယ်နိုင်ဖို့အတွက် ကာလမ် မက်ဖာလန်းကို ဒီရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီနှစ်အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဘီနဲ့ ချယ်လ်ဆီးတို့ အဆက်အသွယ် ရရှိနေပြီလို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လေဗာကူဆင်နည်းပြဟောင်း ဇာဘီဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်ဦးတည်းသော ရွေးချယ်မှု မဟုတ်ပေမဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အသင်းကို လာရောက်ကိုင်တွယ်ဖို့အတွက် သူ့ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။