The network connection is lost.

Banner Image

စပိန်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုအတွက် ဘာစီလိုနာကြယ်ပွင့်ယာမယ်လ်ကို ဗင်နီစီးယက်စ် အားပေးထောက်ခံ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်က ဗုဒ္ဓဟူးနေ့မှာ ပြိုင်ဘက်ဘာစီလိုနာကစားသမားဖြစ်သူလမိုင်းယာမယ်လ်ကို ထောက်ခံအားပေးမှု ပြသခဲ့ပါတယ်။

အင်္ဂါညပိုင်းမှာ ဘာစီလိုနာလူငယ်ကြယ်ပွင့်အတွက် အခက်အခဲတွေနဲ့ ပြည့်နှက်ခဲ့ပြီးနောက် အခုလိုအားပေးမှုမျိုး ပေါ်ပေါက်လာခဲ့တာပါ။ ယာမယ်လ်က စပိန်နဲ့ အီဂျစ်တို့ရင်ဆိုင်ရတဲ့ အင်္ဂါနေ့ခြေစမ်းပွဲစဉ်အတွက် လက်ရွေးစင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဂိုးမရှိသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပေမဲ့ ပွဲချိန်အတွင်း ကွင်းတွင်းအိမ်ရှင်ပရိသတ်တွေက "မခုန်တဲ့သူဟာ မွတ်စလင်ပဲ" ဆိုတဲ့ စာသားကို အော်ဟစ်ခဲ့ပြီး ပြိုင်ဘက်အီဂျစ်အသင်းကို ခွဲခြားဆက်ဆံဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် လမိုင်းယာမယ်လ်ကိုယ်တိုင် စိတ်မကောင်းဖြစ်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရတယ်။

အသက် ၁၈ နှစ်အရွယ်ယာမယ်လ်ကိုယ်တိုင်လည်း ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်နေလို့ ပွဲအပြီးမှာ သူ့ရဲ့စိတ်ပျက်မှုကို လူမှုကွန်ရက်မှတစ်ဆင့် ဖော်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘာစီလိုနာရဲ့အားကိုးရတဲ့လူငယ်ကစားသမားလေးက ပုံမှန်ဆိုရင် ကွင်းတွင်းပြိုင်ဘက်လို့ သတ်မှတ်ထားတဲ့ ကစားသမားတစ်ဦးဆီမှ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ယာမယ်လ်ရဲ့ Instagram ပိုစ့်ကို မြင်တွေ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အဓိကကစားသမား ဗင်နီစီးယက်စ်က ဒီပိုစ့်ကို 'Like' ပေးပြီး လူငယ်တောင်ပံကစားသမားနဲ့အတူ အခိုင်အမာရပ်တည်တယ်လို့ ပြသခဲ့ပါတယ်။