The network connection is lost.

Banner Image

ကလပ်အသင်းသစ်ကို လာမယ့်ရက်အနည်းငယ်အတွင်း ကြေညာနိုင်ဖွယ်ရှိတဲ့ လီဗာပူးဂန္ထဝင်မိုဆာလက်

အီဂျစ်လက်ရွေးစင်အသင်းတာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ လီဗာပူးဂန္ထဝင်ကစားသမားမိုဆာလက်က လာမယ့်ရက်ပိုင်းအတွင်း သူ့ရဲ့ကလပ်အသင်းသစ်ကို ကြေညာနိုင်တော့မယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ ကိုးနှစ်ကြာကျင်လည်ခဲ့တဲ့ လီဗာပူးအသင်းမှ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

အဲဒီလိုထွက်ခွာမယ်လို့ သတင်းထွက်လာပြီးကတည်းက ဒီဂန္ထဝင်တောင်ပံကစားသမားကို ဆော်ဒီကလပ်တွေ၊ အမေရိကန်မေဂျာလိဂ် (MLS) နဲ့ ဥရောပတိုက်တစ်လွှားရှိကလပ်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိလာပါတယ်။

အီဂျစ်လက်ရွေးစင်အသင်းရဲ့ မီဒီယာညှိနှိုင်းရေးမှူး မိုဟာမက်မူရတ်ကတော့ မိုဆာလက်ရဲ့အသင်းသစ်ကိုသိရဖို့ သိပ်ပြီးကြာကြာစောင့်နေစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

"သူ့ကို အီတလီ၊ ပြင်သစ်နဲ့ တခြားကမ္ဘာ့ကလပ်အသင်းကြီးတွေက ကမ်းလှမ်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်ဆိုတာ အမှန်ပါပဲ။ သူက နာမည်ကျော်စူပါစတားတစ်ဦးဖြစ်တာကြောင့် ဘယ်အသင်းအတွက်မဆို ကောင်းမွန်တဲ့အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်စေပါလိမ့်မယ်" လို့ အီဂျစ်အသင်းတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

"မိုဆာလက်ကိုယ်တိုင် ဘယ်အသင်းကိုပဲရွေးချယ်ပါစေ ကျွန်တော်တို့ကတော့ သူ့ကို အားပေးသွားပါမယ်။ ဆော်ဒီကလပ်တွေဆီကလည်း ကမ်းလှမ်းမှုတွေရှိနေသလို နောက်ရက်အနည်းငယ်အတွင်းမှာပဲ သူသွားမယ့် နောက်ထပ်အသင်းသစ်ကို ကြေညာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။