မိုဆာလက်ရဲ့လီဗာပူးကစားသမားဘ၀အဆုံးသတ်ကို ဝမ်းနည်းဖွယ်ပုံစံမျိုး မဖြစ်စေချင်ဘူးလို့ ဂျရတ်ဆို
လီဗာပူးလ်ဂန္ထဝင်ကစားသမားကြီးစတီဗင်ဂျရတ်ကတော့ မိုဆာလက်ရဲ့ဒဏ်ရာကို ပြင်းထန်တဲ့အခြေအနေမျိုး မဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ အီဂျစ်တိုက်စစ်မှူးမိုဆာလက်က စနေ့နေမှာကစားခဲ့တဲ့တဲ့ ဆာလာဟာ မနေ့ကကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။
မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ လီဗာပူးမှထွက်ခွာဖို့ရှိနေလို့ အခုဒဏ်ရာအခြေအနေကြောင့် သူ့ရဲ့လီဗာပူးကစားသမားဘ၀နောက်ဆုံးပွဲစဉ် ပြီးဆုံးသွားပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာပါတယ်။
လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်က "တကယ်လို့ အဲ့ဒီလိုသာ ဖြစ်သွားခဲ့ရင်တော့ တကယ့်ကို ဝမ်းနည်းစရာကောင်းလွန်းပါတယ်။၊ ဒါပေမဲ့ အဲ့ဒီလိုမျိုး ဖြစ်မလာပါစေနဲ့လို့ပဲ မျှော်လင့်ကြတာပေါ့။ လက်ရှိမှာတော့ မိုဆာလက်ကိုယ်တိုင်ထင်ထားတာထက် ဒဏ်ရာက ပိုဆိုးနေနိုင်ပါတယ်၊ ဒါပေမဲ့ ဆေးအဖွဲ့က သေချာစစ်ဆေးတာမျိုးနဲ့ MRI ရိုက်ကြည့်တာမျိုး မလုပ်ရသေးသရွေ့တော့ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို အတိအကျ မသိနိုင်သေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ဒါပေမဲ့ တကယ်လို့သာ သူက အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပြီးသွားခဲ့ပြီဆိုရင်တော့ မိုဆာလက်အတွက်တင်မကဘဲ လီဗာပူးအသင်းနဲ့ပတ်သက်ဆက်နွှယ်နေသူအားလုံးအတွက်ပါ အလွန်စိတ်မကောင်းဖြစ်စရာ ကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အသင်းရဲ့ဂန္ထဝင်တစ်ဦး ဖြစ်နေသလို လူတိုင်းကလည်း သူ့ကို သူနဲ့ထိုက်တန်တဲ့ ဂုဏ်သိက္ခာအပြည့်နှုတ်ဆက်မှုမျိုးနဲ့ပဲ မြင်တွေ့သွားချင်ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။