The network connection is lost.

Banner Image

အငှားဖြင့်လာရောက်ကစားနေတဲ့ လိုင်ယွန်မှာပဲ ဆက်ရှိနေဖို့ ဆန္ဒရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အန်းဒရစ်ခ်

ဘရာဇီးလ်ကြယ်ပွင့်လေးအန်းဒရစ်ခ်က သူ့ရဲ့ အနာဂတ်အတွက် ရီးရဲလ်မက်ဒရစ်ဆီ ချက်ချင်းမပြန်ချင်သေးဘူးလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

လောလောဆယ် လိုင်ယွန်အသင်းမှာ အငှားဖြင့်ကစားနေတဲ့ ဒီဆယ်ကျော်သက်တိုက်စစ်မှူးလေးက ပြင်သစ်ကလပ်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင် အသင်းမှာ ဆက်နေသွားမယ့် အခြေအနေကို ငြင်းဆန်သွားမယ့်ပုံစံမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အသင်းဆီရောက်ရှိလာတဲ့ အန်းဒရစ်ခ်က နယ်မြေသစ်မှာလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာပါတယ်။

Canal+ နဲ့ အင်တာဗျူးမှာတော့ အန်းဒရစ်ခ်က လိုင်ယွန်မှာ အခြေကျနေသလို ကလပ်အသင်းရဲ့ ဥရောပပြိုင်ပွဲရည်မှန်းချက်တွေအပေါ် စိတ်အားထက်သန်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

"လိုင်ယွန်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ကျွန်တော်ဆက်နေဖို့ အခွင့်အရေးရှိမလားဆိုတာ အမှန်အတိုင်းပြောရရင် ကျွန်တော် မသိသေးပါဘူး။ ကျွန်တော်တို့က ခြောက်လအငှားစာချုပ်နဲ့ စတင်ခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြန်ရမယ်ဆိုရင်လည်း ဝမ်းသာအားရပြန်သွားပါမယ်။ တခြားတစ်နေရာဆီ သွားရမယ်ဆိုရင်လည်း သွားမှာပါ။ ကျွန်တော် တကယ်မျှော်လင့်ထားတာကတော့ လိုင်ယွန်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးဖို့ပါပဲ၊ ဘာလို့လဲဆိုတော့ အဲဒီပြိုင်ပွဲက လိုင်ယွန်နဲ့ထိုက်တန်တဲ့နေရာ ဖြစ်လို့ပါ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။