The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့ကစားပုံက အတော်လေးပျင်းစရာကောင်းတယ်လို့ ဝန်ခံလာတဲ့ ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က လက်ရှိအသင်းရဲ့ကစားပုံဟာ အ‌တော်လေးပျင်းစရာကောင်းကြောင်းနဲ့ ပြီးပြည့်စုံမှုမရှိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ဟာ ၉ နှစ်နီးပါးကြာ မတွေ့ခဲ့ရတဲ့ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ဆန်းဒါးလန်းနဲ့တွေ့ဆုံထားတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိထားတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ထားတာြဖစ်ပါတယ်။ 

ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ယခုအခါ သတင်းစာရှင်းလင်းပွဲမှာတော့ ဖရန့်ခ်က "ဒါဟာ ပြီးပြည့်စုံတဲ့ အခြေအနေတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့က လွတ်လပ်ပေါ့ပါးတဲ့ ကစားဟန်ရှိတဲ့ အသင်းမျိုး ဖြစ်ချင်တာပါ" "ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အပြင်းအထန် ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကိုလည်း ကျွန်တော် နားလည်သလို ကိုယ်တိုင်လည်း စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ မြှင့်တင်ရမယ့် အချက်အချို့ ရှိနေပြီး အဲ့ဒီထဲက တစ်ခုကတော့ မလိုအပ်ဘဲ ဘောလုံးဆုံးရှုံးမှုတွေပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အဲ့ဒီလိုမျိုး ၂၅ ကြိမ်တောင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ အဲ့ဒီ အမှား ၂၅ ခုလုံးကို ကစားသမားတွေကို ပြန်ပြခဲ့ပါတယ်။"

"ဒါဟာ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ အခြေအနေပါ။ ကံမကောင်းစွာနဲ့ပဲ အခုကစားဟန်က အရမ်းပျင်းဖို့ကောင်းနေပါတယ်၊ ဒါပေမယ့် ဒါက လက်တွေ့ပဲလေ။ နောက်နှစ်ရက်နေရင် ဆန်းဒါးလန်းနဲ့ ကစားရမယ့်ပွဲမှာ တိုက်စစ်ဆင်ပြီး ပြင်းထန်တဲ့ ကစားဟန်မျိုး ပြသနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။