အလင်းရောင်ကွင်းကြီးမှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ကြောင်နက်နဲ့ စီတီဇင်
ဆန်းဒါးလန်း ဝ-၀ မန်စီးတီး (ပွဲပြီးရလဒ်)
အခုပွဲစဉ်မှာ အိမ်ရှင်ဆန်းဒါးလန်းရော၊ ဧည့်သည်မန်စီးတီးပါ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် နှစ်ဖက်ဂိုးသမားတွေရဲ့လက်စွမ်းပြမှုအပါအဝင် ဂိုးကံခေမှုတွေကြောင့် သွင်းဂိုးတွေမမြင်တွေ့ခဲ့ရပါဘူး။ ဒါ့အပြင် မန်စီးတီးဂိုးသွင်းစက်ဟာလန်းကို လှုပ်ရှားခွင့်လုံးဝမရရှိအောင် အကောင်းဆုံးထိန်းချုပ်သွားနိုင်တဲ့ ဆန်းဒါးလန်းအသင်းခံစစ်ပိုင်းကလည်း အသိအမှတ်ပြုစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ လေးမှတ်အထိ ကွာဟသွားပါတယ်။