The network connection is lost.

Banner Image

မန်စီးတီးနဲ့သရေပွဲစဉ်အပြီး ဆန်းဒါးလန်းအသင်းရဲ့စွမ်းအားကောင်းကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဇာခါ

ဆန်ဒါးလန်းကပ္ပတိန်ဇာခါက မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဒီနေ့မနက်ပိုင်းပွဲစဉ်အပြီး သူတို့အသင်းရဲ့စွမ်းအားကောင်းတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အလင်းရောင်ကွင်းကြီးမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ဆန်းဒါလန်းက သရေတစ်မှတ်ရရှိဖို့အတွက် ပက်ဂွါဒီယိုလာအသင်းရဲ့ဖိအားပေးမှုများစွာနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ အခုရာသီ၊ ကြောင်နက်တွေရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ဇာခါက ဒီပွဲစဉ်မှာလည်း နောက်တစ်ကြိမ်အကောင်းဆုံးစွမ်းဆောင်ပြသွားခဲ့ပါတယ်။ ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းက သူတို့အသင်းရဲ့စွမ်းအားကောင်းတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဇာခါက “ ဘယ်သူမဆို ပြိုင်ပွဲတိုင်းကို အနိုင်ရချင်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့အရှိတရားကိုလည်း မြင်တက်ကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က နှစ်ပေါင်းများစွာကြာပြီးမှ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာတာပါ။ အသင်းမှာလည်း အပြောင်းအလဲများစွာ ရှိပါတယ်။ ကစားသမားသစ် ၁၆ ဦးနီးပါး ရောက်ရှိလာပြီး ဒီလောက်မြန်မြန်ဆန်ဆန်စုစုစည်းစည်းဖြစ်သွားဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ဒါက စွမ်းအားပါပဲ။ ကျွန်တော်တို့အသင်းရဲ့အဝတ်လဲခန်းက အလွန်အပေါင်းလက္ခဏာဆောင်ပါတယ်။ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့အတူ ကျွန်တော်တို့အသင်းမှာ စွမ်းအားကောင်းတွေ ရှိပါတယ်။ နေ့စဉ်နေ့တိုင်း၊ အပတ်စဉ်အပတ်တိုင်း ကြိုးစားအားထုတ်နေကြလို့ အဆုံးမှာတော့ ရလဒ်တွေကသာ ကျွန်တော်တို့အသင်း ဘာလဲဆိုတာ ပြောပြပေးနေပါတယ်။ ရာသီဝက်ကာလအပြီး အခုရောက်ရှိနေတဲ့ အခိုက်အတန့်အတွက် ကျွန်တော်တို့တွေ ပျော်ရွှင်နိုင်ကြလိမ့်မယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။