The network connection is lost.

Banner Image

အာမိုရင်နေရာမှာ မာရက်စ်ကာနဲ့အစားထိုးပါက တစ်ရာသီစာလက်မှတ်တွေ ပြန်ပေးပစ်မယ်လို့ ပြတ်ပြတ်သားသားပြောကြားလိုက်တဲ့ နစ်ကီဘတ်

မန်ချက်စတာယူနိုက်တက်နဲ့အတူ ဆုဖလား ၃ လုံးတစ်နှစ်တည်းမှာရရှိခဲ့ဖူးတဲ့ ကစားသမားဟောင်း နစ်ကီဘတ်က အသင်းအနေနဲ့ ထုတ်ပယ်လိုက်တဲ့ နည်းပြရူဘင်အာမိုရင်နေရာမှာ ချဲလ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စ်ကာနဲ့အစားထိုးလိုက်ပါက တစ်ရာသီစာလက်မှတ်တွေအကုန်လုံး ပြန်ပေးပစ်မယ်လို့ ပြတ်ပြတ်သားသားပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ကို ၁၈ လကြာကိုင်တွယ်ခဲ့ပြီး ဝေဖန်မှုပေါင်းစုံနဲ့ကြုံတွေ့ခဲ့ရတဲ့ ပေါ်တူဂီသားနည်းပြ အာမိုရင်ဟာ တနင်္လာနေ့က ရာထူးကနေထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ ယခုအခါမှာ ယူနိုက်တက်ဟာ နည်းပြသစ်နဲ့အစားထိုးဖို့အတွက် အလားအလာရှိတဲ့နည်းပြတွေကိုချဉ်းကပ်နေပြီး ချဲလ်ဆီးကနေထုတ်ပယ်ခံခဲ့ရတဲ့ မာရက်စ်ကာကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ 

လက်ရှိယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အိုမာဘရာဒါနဲ့ အားကစားဒါရိုက်တာ ‌‌ဂျေဆန်ဝယ်လ်ကော့ဇ်တို့ဟာ မန်စီးတီးမှာရှိစဉ်က အန်ဇိုမာရက်စ်ကာနဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးတာကြောင့် အီတလီသားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာ ကစားသမားဟောင်း နစ်ကီဘတ်က "ကျွန်တော် မာရက်စ်ကာကို နည်းပြတစ်ယောက်အနေနဲ့တော့ သဘောကျပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့တစ်ရာသီစာလက်မှတ်တွေကို ပြန်ပေးပစ်ပါမယ်"

"ဒါကဘာကြောင့်လဲဆိုတော့ သူ့ရဲ့နောက်ခံသမိုင်းကြောင်းကြောင့်ပါ။ ယူနိုက်တက်ရဲ့အတွေးအခေါ်၊ ယူနိုက်တက်ရဲ့ ဒီအင်န်အေအကြောင်းတွေပြောနေပြီးမှ မန်စီးတီးနဲ့ ချဲလ်ဆီးရဲ့နည်းပြဟောင်းဖြစ်တဲ့ မာရက်စ်ကာကိုလိုချင်တယ်လို့ ကျွန်တော်မပြောနိုင်ပါဘူး။ အခုဆိုအသင်းမှာ မန်စီးတီးရဲ့လူဟောင်းတွေဖြစ်တဲ့ အိုမာဘရာဒါနဲ့ ဂျေဆန်ဝယ်လ်ကော့ဇ်တို့ရှိနေပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။