ရာထူးက ထုတ်ပယ်ခံခဲ့ရပေမဲ့ ယူနိုက်တက်ကို ချစ်နေဆဲဖြစ်ကြောင်း အာမိုရင် ပြောကြား
ရူဘင်အာမိုရင်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမဲ့လည်း ယူနိုက်တက်ကို အခုထိ ချစ်နေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြက လိဒ်စ်ယူနိုက်တက်နဲ့ ၁ - ၁ ဂိုး သရေကျခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွေအတွင်း အသင်းဘုတ်အဖွဲ့နဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ အေစီမီလန်ကို ကိုင်တွယ်နေတဲ့ အာမိုရင်က ယနေ့ညကစားမယ့် ဘုန်းမောက်နဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် အသင်းဟောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။
အာမိုရင်က"ကျွန်တော် ရှေ့ဆက်လျှောက်လှမ်းခဲ့ပါပြီ။ အခုတော့ နောက်အသင်းကြီးတစ်ခုမှာ ရောက်နေပါပြီ"
"ကျွန်တော့်ရဲ့အသင်းက အေစီမီလန် ဖြစ်သလို ကျွန်တော်တို့မှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းကြီးတိုင်းမှာ ပြဿနာတွေဆိုတာ အမြဲတမ်းရှိနေတတ်လို့ပါပဲ"
"ကျွန်တော်က ကျွန်တော့်အသင်း၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်"
"ယူနိုက်တက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက ဘာကိုမှ ပြောင်းလဲမသွားစေပါဘူး။ ကျွန်တော် ယူနိုက်တက်ကို ချစ်နေဆဲပါပဲ" လို့ ပြောခဲ့ပါတယ်။