The network connection is lost.

Banner Image

ကိုမိုကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည် ကောင်းမွန်ခြင်းမရှိခဲ့ဘူးလို့ တိုင်လေမန်းစ် ဝန်ခံပြောကြား

ယူနိုက်တက်ကွင်းလယ်လူ ယူရီတိုင်လေမန်းစ်က မနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုမိုအသင်းကို ၄ - ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ်  ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကိုမိုအသင်းက တစ်ပွဲလုံးနီးပါး ခြေစွမ်းအသာစီးနဲ့ ကစားသွားခဲ့ပြီး ယူနိုက်တက်အသင်းအပေါ် ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရယူနိုင်ခဲ့တာကြောင့် နည်းပြ မိုက်ကယ် ကာရစ်အပေါ် ဖိအားတွေကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။

တိုင်လေမန်းစ်က"ဒီပွဲက ကျွန်တော်တို့ဘက်က အလွန်ဆိုးရွားတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက ဒီအထိ လာရောက်အားပေးကြပေမဲ့ ကျွန်တော်တို့က ဒီလိုမျိုး ခြေစွမ်းမပြနိုင်တဲ့ ပုံစံမျိုးကို ချပြခဲ့တာဟာ ကျွန်တော်တို့ဘက်က လုံးဝ မလုံလောက်သေးတဲ့ အနေအထားပါပဲ။" လို့ ပြောကြားခဲ့ပါတယ်။