The network connection is lost.

Banner Image

ကိုမိုကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ နည်းပြရာထူးအတွက် စိုးရိမ်ခြင်းမရှိဟု ယူနိုက်တက်နည်းပြ ကာရစ် ပြောကြား

ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က မနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုမိုအသင်းကို ၄ - ၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားပုံကို ကြည့်ရတာ အတော်လေး ဆိုးရွားခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ မိုက်ကယ် ကာရစ်ခ်က ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ကာရစ်က ရာထူးကနေ ထုတ်ပယ်ခံရမှာကိုတော့ စိုးရိမ်မှု မရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Stadio Giuseppe Sinigaglia ကွင်းမှာ အီတလီကလပ် ကိုမိုကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ယူနိုက်တက်က ခုနှစ်ပွဲဆက် နိုင်ပွဲပျောက်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

ဒီဆိုးရွားတဲ့ ရလဒ်တွေက ကာရစ်အပေါ် ဖိအားတွေကို ပိုမိုမြင့်တက်စေခဲ့သလို၊ အသင်းကလည်း နှစ်ပေါင်း ၄၀ အတွင်း အမှတ်ပေးလိဂ် သမိုင်းမှာ အဆိုးရွားဆုံး အစပြုမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကာရစ်က"ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရာထူးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မစဉ်းစားထားပါဘူး" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပွဲအပြီးမှာ လိုက်ပါအားပေးခဲ့ကြတဲ့ အဝေးကွင်း ပရိသတ်တွေကို ဘာဖြစ်လို့ သွားရောက်တောင်းပန်ခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ကာရစ်က ရှင်းပြခဲ့ပါတယ်။

ကာရစ်က"ဘာပဲဖြစ်ဖြစ် ကျွန်တော်က ပရိသတ်တွေဆီကို အမြဲတမ်း သွားရောက်နှုတ်ဆက်လေ့ ရှိပါတယ်"

"အဲဒီကို သွားခဲ့တာက သီးခြား ထူးခြားတဲ့ အကြောင်းရင်းတစ်ခုကြောင့် မဟုတ်ပါဘူး။ အခု သီတင်းပတ် အနည်းငယ်အတွင်း အထူးသဖြင့် ဒီညမှာ သူတို့ ကြုံတွေ့ခံစားခဲ့ရတာတွေနဲ့ သူတို့ ပြုလုပ်ပေးခဲ့တဲ့ အရာတွေအပေါ် လေးစားတန်ဖိုးထားမှုနဲ့ အသိအမှတ်ပြုမှုကို ပြသချင်တာကြောင့်ပါ"လို့ ပြောပြာခဲ့ပါတယ်။

ကာရစ်က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ဝေဖန်ခဲ့ပြီး၊ လိဒ်စ်နဲ့ ၁ - ၁ ဂိုး သရေကျခဲ့တဲ့ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကို ပြသဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ကာရစ်က "ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ကစားတာက လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ 

ဒါလုံးဝကို မကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ။ လိဒ်စ်နဲ့ပွဲ (၁ - ၁ ဂိုး သရေကျခဲ့တဲ့ပွဲ) တုန်းက ကျွန်တော်တို့ ယူဆောင်လာနိုင်ခဲ့တဲ့ အရာတွေနဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်း တည်ဆောက်သွားချင်ခဲ့တာပါ"

"အဲဒီ ပြင်းပြတဲ့ စိတ်ဓာတ်၊ စိတ်ခွန်အား၊ မာကျောမှုနဲ့ အရာအားလုံးကို ပုံအောပေးဆပ်ချင်တဲ့ စစ်မှန်တဲ့ ဆန္ဒတွေပေါ့။ ဒီညမှာတော့ အဲဒါတွေနဲ့ လုံးဝဆန့်ကျင်ဘက် ခြေစွမ်းမျိုး ဖြစ်သွားခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် ကြည့်ရတာ အရမ်းကို ခက်ခဲဆိုးရွားခဲ့ပါတယ်" လို့ ဝေဖန်သွားခဲ့ပါတယ်။