The network connection is lost.

Banner Image

ခံစစ်ပိုင်းအကျပ်အတည်းကြောင့် အခုဇန်နဝါရီဈေးကွက်မှာ ဂူဟီကိုခေါ်ယူဖို့ စဉ်းစားလာတဲ့ မန်စီးတီး

မန်စီးတီးက လက်ရှိကြုံတွေ့နေရတဲ့ခံစစ်ပိုင်းအကျပ်အတည်းကို ဖြေရှင်းဖို့ ခရစ္စတယ်ပဲလေ့စ်ကပ္ပတိန်အတွက် ဇန်နဝါရီလှုပ်ရှားမှုတစ်ခုပြုလုပ်ရန် စဉ်းစားလာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ခရစ္စတယ်ပဲလေ့စ်ရဲ့ဆုံးဖြတ်ချက်မပြောင်းလဲခင် မိနစ်ပိုင်းအလိုအထိ အသက်-၂၅ နှစ်အရွယ်ဂူဟီက လီဗာပူးကစားသမားဖြစ်လာဖို့ အလွန်နီးစပ်ခဲ့ဖူးပါတယ်။

လတ်တလောမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားက သူ့ရဲ့စာချုပ်သက်တမ်းပြည့်မြောက်မယ့် အခုဘောလုံးရာသီကုန်ဆုံးချိန် တောင်လန်ဒန်အခြေစိုက်ကလပ်အသင်းမှထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့အစီအစဉ်မရှိဘူးလို့ အတိအလင်းဖွင့်ဟပြောဆိုထားပါတယ်။ ဒါပေမဲ့ BBC Sport ရဲ့အဆိုအရ ခံစစ်ပိုင်းဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ မန်စီးတီးက ဂူဟီကို စောစောစီးစီးခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အမြဲတမ်းနည်းပြမပါဝင်တဲ့ ချဲလ်ဆီးနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီးခံစစ်မှူးတွေဖြစ်တဲ့ ရူဘင်ဒီယက်စ်ရော၊ ဂျီဗာဒီအောပါ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့ဒဏ်ရာအခြေအနေပမာဏအကြောင်း အသေးစိတ်မသိရသေးပေမယ့် ပက်ဂွါဒီယိုလာမှာတော့ ဗဟိုခံစစ်ပိုင်းအတွက် ကြံ့ခိုင်မှုပြည့်ဝသူ နသန်အကီနဲ့ ခူဆာနော့ဗ်တို့ပဲ ကျန်ရှိပါတော့တယ်။