The network connection is lost.

Banner Image

ခွဲစိတ်ကုသမှုခံယူရမယ့် ဂျီဗာဒီအောကြောင့် ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ မန်စီးတီး

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ချဲလ်ဆီးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ရရှိတဲ့ဒဏ်ရာကြောင့် မန်စီးတီးနောက်ခံလူဂျီဗာဒီအောဟာ ခွဲစိတ်ကုသမှုခံယူပြီး ကာလအတော်ကြာအနားယူသွားရဖွယ် ရှိပါတယ်။ အသက်-၂၃ နှစ်အရွယ်ဂျီဗာဒီအောက အီတီဟတ်ကွင်းတွင်းမှထွက်ခွာနိုင်ဖို့အတွက် ချဲလ်ဆီးကပ္ပတိန်ရီစီဂျိမ်းနဲ့ အသင်းဆေးအဖွဲ့ဝင်တစ်ဦးတို့ရဲ့အကူအညီကို ရယူခဲ့ပါတယ်။

အခုတော့ မန်စီးတီးက ခြေသလုံးရိုးကျိုးဒဏ်ရာကြောင့် ဗဟိုခံစစ်မှူးကို ခွဲစိတ်ကုသပေးရမယ်လို့ အတည်ပြုလာပါတယ်။ ဒီခွဲစိတ်ကုသမှုပြီးစီးချိန်မှသာ ပြန်လည်ထူထောင်ရေးအစီအမံကို ကြေညာသွားဖို့ရှိနေလို့ ဂျီဗာဒီအော ဘယ်လောက်အထိအနားယူသွားရမလဲဆိုတာကို အတိအကျမသိရသေးပါဘူး။

ဒါ့အပြင် ချဲလ်ဆီးနဲပွဲစဉ်မှာ ရူဘင်ဒီယက်စ်ကိုလည်း ပက်ဂွါဒီယိုလာ ဆုံးရှုံးလိုက်ရပေမယ့် ပေါ်တူဂီလက်ရွေးစင်ရဲ့ဒဏ်ရာအခြေအနေဟာ သိပ်မပြင်းထန်ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝသူဗဟိုခံစစ်မှူးအဖြစ် နသန်အကီနဲ့ ခူဆာနော့ဗ်သာ ကျန်ရှိတော့လို့ မန်စီးတီးက ဝက်ဖို့ဒ်ဆီအငှားချထားတဲ့လူငယ်ကစားသမားမက်စ်အယ်လီနီကို အသင်းဆီပြန်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။