The network connection is lost.

Banner Image

ဂျာမန်စကားသင်ကြားရမှုရဲ့အခက်အခဲအကြောင်း ဖွင့်ဟလာတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့လာပြီးနောက် ဂျာမန်ဘာသာစကားသင်ကြားနေရမှုကို အလွန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ကလပ်အသင်းမှာရှိနေမယ့် သူ့ရဲ့အနာဂတ်အကြောင်း အရိပ်အမြွက်ပြောပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ နွေရာသီကာလအတွင်း တော့တင်ဟမ်မှ ဘာဘေးရီးယန်းဒေသဆီ ရောက်ရှိလာတဲ့ အင်္ဂလန်ကပ္ပတိန်က ဂျာမန်ယဉ်ကျေးမှုကို လက်ခံကာ ဂျာမန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်အောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူက ဂျာမန်ဘာသာစကားနဲ့ပတ်သက်လို့ ပုံမှန်သင်ခန်းစာတွေ လုပ်ဆောင်နေပေမယ့် တိုးတက်မှုအပိုင်းမှာ မျှော်လင့်ထားတာထက် နှေးကွေးနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ အသက်-၃၂ နှစ်အရွယ်ကစားသမားက ဘွန်ဒက်စ်လီဂါကစားသမားဘဝနဲ့ ဘိုင်ယန်မြူးနစ်အကြောင်းကို နွေးနွေးထွေးထွေးပြောပြလာခဲ့ပြီး ကလပ်အသင်းအပေါ် သူ့ရဲ့သစ္စာရှိမှုဟာ ခိုင်မာနေဆဲပဲလို့ ရှင်းပြသွားပါတယ်။

ဟယ်ရီကိန်းက “ ဂျာမန်ဘာသာစကား အဆင်ပြေပါတယ်။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်အပြီးမှာလည်း ဘာသာစကားလေ့ကျင့်ခန်းတစ်ခု လုပ်ထားပါတယ်။ ပြန်စလုပ်နေတာပါ။ အခုဆိုရင် စကားလုံးအချို့ကို ကျွန်တော်မှတ်မိလာပြီး နည်းနည်းတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဆက်လေ့ကျင့်နေဖို့လည်း လိုအပ်ပါတယ်။

အရိုးသားဆုံးပြောရရင် ဂျာမန်ဘာသာစကားသင်ယူရတာ အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်က သီတင်းပတ်တစ်ခုမှာ သင်ခန်းစာနှစ်ခုလောက်ကို ဆက်လုပ်သွားဖို့ ကြိုးစားနေပါတယ်။ အဝတ်လဲခန်းထဲမှာ ကောင်လေးတွေ စကားပြောတဲ့အချိန် တဖြည်းဖြည်းပိုပြီးနားလည်လာတဲ့အဆင့်ဆီ ရောက်ရှိနေပါပြီ။

ရာသီကုန်လောက်ကျရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ဂျာမန်ဘာသာစကားပြောနိုင်တာမျိုး (သို့မဟုတ်) ဂျာမန်လို အင်တာဗျူးတစ်ခုလောက် လုပ်နိုင်တာမျိုး ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ လတ်တလောမှာတော့ ဂျာမန်ဘာသာစကားသင်ယူမှုနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ်ဖိအားအနည်းငယ်ပေးထားပါတယ်”လို့ ပြောပါတယ်။