The network connection is lost.

Banner Image

ပရိသတ်အချို့ရဲ့နာဇီပုံစံအလေးပြုဟန်ပန်ကြောင့် ပေါင် ၂၆,၀၀၀ ကျော် ဒဏ်ရိုက်ခံရတဲ့ တော့တင်ဟမ်

ပရိသတ်အချို့ရဲ့နာဇီပုံစံအလေးပြုဟန်ပန်ကြောင့် တော့တင်ဟမ်အတွက် ယူအီးအက်ဖ်အေရဲ့ဒဏ်ခတ်မှုပေါ်ပေါက်လာခဲ့သလို အဲဒီပရိသတ်တွေကိုလည်း ပွဲကြည့်ခွင့်ပိတ်ပင်လိုက်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ပြိုင်ပွဲတွေမှာ တော့တင်ဟမ်အသင်းက အဝေးကွင်းပွဲစဉ်တစ်ခုအတွက် ပရိသတ်တွေဆီ လက်မှတ်ရောင်းချခွင့် ပိတ်ပင်ခံခဲ့ရပေမဲ့ ဒီပြစ်ဒဏ်ကိုတော့ တစ်နှစ်တာစောင့်ကြည့်ကာလအဖြစ် ဆိုင်းငံ့ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်း ဖရန့်ဖတ်နဲ့ပွဲစဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ အခုလိုအပြုအမူမျိုးအတွက် ယူအီးအက်ဖ်အေက မြောက်လန်ဒန်အခြေစိုက်ကလပ်အသင်းကို ဒဏ်ကြေးငွေ ၂၆,၂၁၂ ပေါင် ထပ်မံချမှတ်ခဲ့ပါတယ်။တော့တင်ဟမ်အသင်းက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ပရိသတ်သုံးဦးကို ကွင်းတွင်းဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

"အသင်းအနေနဲ့ ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သလို၊ ပွဲညမှာ ဂျာမန်ရဲတပ်ဖွဲ့၊ နောက်ပိုင်းမှာတော့ လန်ဒန်ရဲတပ်ဖွဲ့တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်"

"ဖရန့်ဖတ်ပရိသတ်တွေဆီ နာဇီပုံစံအလေးပြုဟန်ပြုလုပ်ခဲ့တဲ့ လူပုဂိ္ဂုလ်သုံးဦးလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အသင်းရဲ့စည်းမျဉ်းတွေအရ ကွင်းတွင်းဝင်ရောက်ကြည့်ရှုခွင့် အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ အတည်ပြုပါတယ်"

"ကျွန်တော်တို့အသင်းက ဘယ်လိုခွဲခြားဆက်ဆံမှုကိုမဆို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး အခုလို အပြင်းထန်ဆုံးအရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီညမှာ ပရိသတ်အမည်ခံလူတစ်စုရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုအမူတွေက ကျွန်တော်တို့အသင်းနဲ့ အသင်းပရိသတ်တွေ လက်ကိုင်ထားတဲ့ စံနှုန်းတန်ဖိုးတွေကို လုံးဝ ကိုယ်စားမပြုပါဘူး" လို့ တော့တင်ဟမ်အသင်းက ဆိုပါတယ်။

အခုဒဏ်ငွေက ကွင်းတွင်းဆီ တော့တင်ဟမ်ပရိသတ်တွေကိုယ်တိုင် ပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့လို့ ချမှတ်ခံထားရတဲ့ ဒဏ်ငွေပေါင် ၁,၉၆၆ (ယူရို ၂,၂၅၀) အပြင် ထပ်တိုးချမှတ်ခံရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘင်ဖီကာတို့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာလည်း ပရိသတ်တစ်ဦးက နာဇီပုံစံအလေးပြုဟန် ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါသေးတယ်။