အားကစားဒါရိုက်တာရာထူးအတွက် ချဲလ်ဆီးရဲ့ဝင်စတန်လေကို တော့တင်ဟမ် ပစ်မှတ်ထားလာ
တော့တင်ဟမ်က အားကစားဒါရိုက်တာသစ်အဖြစ် ချယ်လ်ဆီးအသင်းရဲ့ပေါလ်ဝင်စတန်လေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၄၇ နှစ်အရွယ်ဝင်စတန်လေက ၂၀၂၂ ခုနှစ်ကတည်းကပင် လောရင့်စတီးဝပ်နဲ့အတူ ချယ်လ်ဆီးမှာ တာဝန်ယူခဲ့ပေမဲ့ အနောက်လန်ဒန်ကလပ်မှာ အောင်မြင်မှုကြီးကြီးမားမား မရရှိခဲ့ပါဘူး။
ဝင်စတန်လေရောက်ရှိလာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းက ကစားသမားသစ်တွေအတွက် ပေါင် ၁ ဘီလီယံကျော် အသုံးပြုခဲ့သလို၊ မကြာသေးခင်ကလည်း အင်္ဂလန်ဘောလုံးသမိုင်းတလျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေးအရှုံးပေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
The Telegraph သတင်းစာရဲ့သတင်းထောက်မက်လောရဲ့အဆိုအရ တော့တင်ဟမ်အသင်းက အားကစားဒါရိုက်တာရာထူးအတွက် ဝင်စတန်လေရဲ့အခြေအနေကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဝင်စတန်လေကိုယ်တိုင် ချဲလ်ဆီးမှထွက်ခွာဖို့ အလားအလာအလွန်နည်းပါနေလို့ တော့တင်ဟမ်က ဒူဂီဖရီးမန်းကိုလည်း အားကစားဒါရိုက်တာနေရာအတွက် စောင့်ကြည့်နေပါတယ်။