The network connection is lost.

Banner Image

ဒေါ့မွန်နောက်ခံလူ စဗင်ဆင်ကို စောင့်ကြည့်ဖို့ ရီးရဲလ်မက်ဒရစ် ကင်းထောက်စေလွှတ်

ဒေါ့မွန်အသင်းရဲ့ နောက်ခံလူ ဒန်နီယယ် စဗင်ဆင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာ စဗင်ဆင်ကို စောင့်ကြည့်ဖို့အတွက် ရီးရဲလ်မက်ဒရစ်က ကင်းထောက်တစ်ဦး စေလွှတ်ခဲ့တယ်လို့ Expressen သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီပွဲမှာ စဗင်ဆင်က တစ်ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပေမဲ့ ဒေါ့မွန်အသင်းကတော့ အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ ကံဆိုးစွာ ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒေါ့မွန်ဗဟိုနောက်ခံလူ နီကို ရှလော့တာဘတ်ဟာလည်း ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ကင်းထောက်ဖြစ်သူက သူ့ရဲ့ခြေစွမ်းကိုပါ တစ်ပါတည်း စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်အသင်းကလည်း စဗင်ဆင်ကို စောင့်ကြည့်လျက်ရှိပါတယ်။ စဗင်ဆင်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ရှိနေတာ ဖြစ်ပါတယ်။