The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်တဲ့ ဒီယာကီတေး

ကယ်လ်ဗင်ဒီယာကီတေးဟာ ချယ်လ်ဆီးအသင်းနဲ့အတူ သူရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒီနောက်ခံလူဟာ အသက် ၁၇ နှစ် ပြည့်ပြီးနောက်မှာ အခုလို စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ။

အင်္ဂလန်လူငယ်လက်ရွေးစင်ကစားသမားဖြစ်သူ ဒီယာကီတေးဟာ ဒီရာသီမှာ ချယ်လ်ဆီး ယူ-၁၈ အသင်းရဲ့ ပုံမှန်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို ယူ-၂၁ အသင်းဆီကိုလည်း တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အခုရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ UEFA လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ကစားခွင့် ရရှိထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက ကစားခဲ့တဲ့ အင်္ဂလန် ယူ-၁၇ အသင်းအတွက် ပထမဆုံးပွဲစဉ်မှာတင် အစ္စရေးအသင်းဘက်ကို အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့လ နိုင်ငံတကာပွဲစဉ်တွေအတွင်း ဖာရိုးကျွန်းစုအသင်းနဲ့ပွဲမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။