The network connection is lost.

Banner Image

ဖီယင်နု နောက်ခံလူ ရိဒ်ကို ခေါ်ယူဖို့ မန်စီးတီး ချိန်ရွယ်နေ

ဖီယင်နုအသင်းရဲ့ တောင်ပံနောက်ခံကစားသမား ဂီဗာရိုရိဒ် (Givairo Read) ကို မန်ချက်စတာစီးတီးအသင်းက စောင့်ကြည့်နေပါတယ်။

စကိုင်းစပို့စ် (Sky Sports) ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ အဲဒီနေရာမှာ မားသီးယပ်စ် နူနက်ဇ်ကပဲ အမြဲတမ်းလိုလို ဝင်ရောက်ကစားပေးနေရတာပါ။

မန်စီးတီးအသင်းက အဲဒီနေရာအတွက် သီးသန့်ကစားနိုင်တဲ့ ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ရိဒ်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိဒ်ဟာ လက်ရှိမှာ ဒဏ်ရာရရှိနေပေမဲ့ လာမယ့်သီတင်းပတ်တွေအတွင်း ကွင်းထဲကို ပြန်လည်ဝင်ရောက်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ရိဒ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းအပြင် ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။