The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးကို စိတ်မဝင်စားတဲ့ ဂျာမနီနည်းပြနာဂယ်စ်မန်း

ရိုဆင်နီယာကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ချဲလ်ဆီးရဲ့အတည်ပြုချက် ထွက်ပေါ်လာပြီးနောက် လစ်လပ်သွားတဲ့နေရာကို ရယူဖို့အတွက် ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်း စိတ်မဝင်စားဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၄၁ နှစ်အရွယ်ရိုဆင်နီယာဟာ ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်ရှုံးနိမ့်မှုအပြင် သွင်းဂိုးပါမရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဟားလ်စီးတီးနည်းပြဟောင်းက ချဲလ်ဆီးမှာ ၁၀၇ ရက်သာ တာဝန်ယူခဲ့ရပြီး ဒါက ကလပ်အသင်းသမိုင်းတစ်လျှောက် သက်တမ်းအတိုဆုံးအမြဲတမ်းနည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ရှိမှာ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ နည်းပြသစ်နေရာအတွက် နည်းပြအများအပြားနာမည်ထွက်နေပြီး အဲဒီထဲမှာ ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းလည်း ပါဝင်နေပါတယ်။

အသက် ၃၈ နှစ်အရွယ်နာဂယ်စ်မန်းက ယခင်၊ ဂရေဟမ်ပေါ်တာ ရာထူးမှထုတ်ပယ်ခံရချိန် ချဲလ်ဆီးနည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကလပ်အသင်းဘက်က ပိုချက်တီနိုကိုပဲ တာဝန်ပေးခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ နာဂယ်စ်မန်းနဲ့ ချဲလ်ဆီးအသင်းတို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းနေပြီး အသင်းကိုတာဝန်ယူဖို့ ဂျာမန်လူမျိုးနည်းပြဆီမှာ လုံးဝဆန္ဒမရှိဘူးလို့ သိရပါတယ်။

နာဂယ်စ်မန်းက လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းကို အကောင်းဆုံးဦးဆောင်နိုင်ဖို့အတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။