The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ချုပ်ဆိုထားတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့စာချုပ်အချက်အလက်တွေအပေါ် ထပ်မံညှိနှိုင်းဖို့ ယူနိုက်တက်ငြင်းဆန်

မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူခွင့်အတွက် သဘောတူညီထားပြီးသား စာချုပ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းနဲ့ ထပ်မံညှိနှိုင်းဖို့ မန်ယူအသင်းက စိတ်ဝင်စားမှုမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၈ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဘာစီလိုနာအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက စပိန်ကလပ်ဟာ သူ့ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်မယ့် အချက်ကို သဘောတူခဲ့တာပါ။

ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ဒီဝယ်ယူခွင့်ကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေပြီး ရပ်ရှ်ဖို့ဒ်အနေနဲ့ မန်ယူအသင်းဆီကို ပြန်လာရဖို့ အခြေအနေ များနေပါတယ်။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ယူအသင်းဟာ အစောကတည်းက သဘောတူထားတဲ့ စာချုပ်ပါအချက်တွေအပေါ် ထပ်မံညှိနှိုင်းပေးဖို့ ဆန္ဒမရှိဘဲ ရပ်ရှ်ဖို့ဒ် ပြန်လာမယ့်ကိစ္စကိုသာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ငယ်ဘဝကလပ်အသင်းကနေ ထွက်ခွာဖို့ အလားအလာ ရှိနေဆဲဖြစ်ပြီး INEOS အုပ်စုက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်သွားမှာ ဖြစ်ပါတယ်။