The network connection is lost.

Banner Image

လီဗာပူးနဲ့သတင်းတွေထွက်ပေါ်နေချိန် ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေတဲ့ ဖရန့်ဖတ်ကြယ်ပွင့်

အခုနွေရာသီမှာ ထိပ်တန်းကလပ်အသင်းဆီ ဖရန့်ဖတ်ခံစစ်မှူးနမ်ဒီကောလင်းစ် ပြောင်းရွှေ့ချင်နေတယ်လို့ Sky Germany ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကစားသမားကိုယ်တိုင် အကြိုက်ဆုံးကလပ်အသင်းအဖြစ် ထုတ်ပြောထားဖူးတဲ့ လီဗာပူးကလည်း သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

နေရာစုံကစားနိုင်တဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်ကိုနှစ်သက်သူဖြစ်ပြီး အထူးသဖြင့် လီဗာပူးအသင်းရဲ့ပရိသတ်ဖြစ်တယ်လို့ လွန်ခဲ့တဲ့နှစ်အတွင်း ဖွင့်ဟခဲ့ဖူးပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ကောလင်းစ်ကစားတာကို ကိုယ်တိုင်လာရောက်စောင့်ကြည့်ခဲ့တဲ့ အသင်းတွေထဲမှာ လီဗာပူးအသင်း ပါဝင်နေတဲ့အချက်ပဲလို့ Sky Germany က ဆက်လက်ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ် အသင်းတွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေအဖြစ် ယခင်ကတည်းက သတင်းထွက်ခဲ့ဖူးပါတယ်။

ဗဟိုခံစစ်ရော၊ ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၄၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဖရန့်ဖတ်အသင်းနဲ့ ကစားသမားအကြား စာချုပ်သက်တမ်းက ၂၀၃၀ ပြည့်နှစ်၊ နွေရာသီကာလအထိ ရှိနေပါတယ်။