
၂၀၂၅/၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်ပြန်ပြီးနောက် ချန်ပီယံကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ
အာနီစလော့တ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဆုဖလားရရှိခဲ့တာဖြစ်ပြီး ရာသီသစ်တွင် ပြီးခဲ့တဲ့ရာသီထက် ရမှတ်နည်းမှာ ဖြစ်သော်လည်း လီဗာပူးဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
BettingLounge.co.uk ရဲ့ ကျွမ်းကျင်သူများရဲ့ အဆိုအရ လီဗာပူးဟာ လာမည့်ရာသီကို ၈၂ မှတ်ဖြင့် အဆုံးသတ်မည်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီထက် နှစ်မှတ်နည်းသော်လည်း ဒုတိယနေရာ ရရှိမယ်လို့ ခန့်မှန်းထားတဲ့ မန်စီးတီး ထက် သုံးမှတ် အသာရမှာ ဖြစ်ပါတယ်။ အာဆင်နယ်၊ အက်စတွန် ဗီလာ နှင့် နယူးကာဆယ် တို့က ထိပ်ဆုံး ၅ သင်းစာရင်းတွင် ပါဝင်မည်ဖြစ်ပြီး ချဲလ်ဆီးကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဇယားအောက်ပိုင်းသို့ ကြည့်လျှင် စူပါကွန်ပြူတာက ယူနိုက်တက်အတွက် နောက်ထပ် ဆိုးရွားသော ရာသီတစ်ခုကို မှန်းဆထားပြီး ၄၄ မှတ်ဖြင့် ၁၄ နေရာတွင် ရပ်တည်မယ်လို့ ပြောထားပါတယ်။
တစ်ချိန်တည်းမှာပင် သောမတ်စ် ဖရန့်ခ် လက်အောက်တွင် တော့တင်ဟမ်ရဲ့ တိုးတက်လာမယ့် အလားအလာကို ယုံကြည်မှု နည်းပါးနေပြီး ယူရိုပါလိဂ် ဖလားပိုင်ရှင်တွေဟာ တန်းဆင်းဇုန်ရဲ့ထက် သုံးနေရာတွင် သုံးမှတ်သာ အသာဖြင့် အဆုံးသတ်မှာ ဖြစ်ပါတယ်။
တန်းဆင်းဇုန်များအတွက်မူ တန်းတက်လာသော ကလပ်သုံးခုဖြစ်တဲ့ ဆန်းဒါးလန်း၊ ဘန်လေ နှင့် လိဒ်စ်ယူနိုက်တက် တို့အားလုံးက ချန်ပီယံရှစ် သို့ ချက်ချင်းပြန်လည် ရောက်ရှိမယ့် ကံကြမ္မာကို မြင်တွေ့ရခြင်းမှာ အံ့သြစရာ မရှိပါဘူး။ ကစားသမားသစ်များ၊ နည်းပြသစ်များနှင့် အဲဗာတန်က ဟေးလ်ဒစ်ကင်ဆန်ကွင်းသစ်တွင် ရာသီသစ်မတိုင်မီ စောင့်မျှော်စရာများစွာ ရှိနေပြီး အကောင်းဆုံး ပွဲစဉ်များ ဖြစ်လာနိုင်တဲ့ ပွဲတွေက အများကြီးရှိနေပါတယ်။
သြဂုတ် ၁၅၊ လီဗာပူး - ဘုန်းမောက်
ဧပြီလကတည်းက ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးက သြဂုတ် ၁၅ ရက်၊ သောကြာနေ့တွင် ဘုန်းမောက်နှင့် အိမ်ကွင်းပွဲစဉ်ဖြင့် ရာသီသစ်ကို စတင်မည်ဖြစ်ပြီး စလော့ရဲ့ အသင်းက အစောပိုင်း အခွင့်အရေးအချို့ကို ရယူနိုင်ရန် မျှော်လင့်နိုင်ပါတယ်။
သြဂုတ် ၁၇၊ ယူနိုက်တက် - အာဆင်နယ်
ရူဘင် အမ်မိုရင် ရဲ့ ယူနိုက်တက်အတွက် ဆိုးရွားသော ရာသီဖြစ်ခဲ့ပြီး အာဆင်နယ်က လီဗာပူးကို အဓိပ္ပါယ်ရှိစွာ စိန်ခေါ်နိုင်ခြင်း မရှိခဲ့တာကြောင့် ဒီဖွင့်ပွဲစဉ်က နှစ်သင်းစလုံးအတွက် အစောပိုင်း အကောင်းမြင်မှုကို တည်ဆောက်ရန် အခွင့်အရေးဖြစ်ပါတယ်။
သြဂုတ် ၂၃၊ အဲဗာတန် - ဘရိုက်တန်
ပြီးခဲ့တဲ့လက ဆောက်သမ်တန် နှင့် ဂွတ်ဒီဆင်ပါ့ခ် က အဲဗာတန်ရဲ့ နောက်ဆုံးပွဲစဉ်ကို စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကိုတွေ့မြင်ခဲ့ရတာဖြစ်ပြီး ဒုတိယပတ်ကုန်တွင် အိမ်ကွင်းအသစ် ဟေးလ်ဒစ်ကင်ဆန်ကွင်းသစ်၌ ပထမဆုံးပွဲစဉ်ကို စိတ်လှုပ်ရှားစွာ ကြိုဆိုမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃၊ မန်စီးတီး - ယူနိုက်တက်
ရာသီသစ်ရဲ့ ပထမဆုံး အကြီးဆုံးဒါဘီပွဲက စက်တင်ဘာလတွင် ရောက်ရှိလာမည်ဖြစ်ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးက ယူနိုက်တက်ကို အိမ်ရှင်အဖြစ် လက်ခံကစားမှာ ဖြစ်ပါတယ်။ အီတီဟတ်ဒ်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယူနိုက်တက်ရဲ့ မယုံနိုင်စရာ came back လုပ်နိုင်မှုက စိတ်ပျက်ဖွယ်ရာ ရာသီရဲ့ ထူးခြားချက် အနည်းငယ်ထဲမှ တစ်ခုဖြစ်ပါတယ်။
နိုဝင်ဘာ ၈၊ မန်စီးတီး - လီဗာပူး
မန်စီးတီးရဲ့ ဖလားကာကွယ်ရေးက ပြီးခဲ့တဲ့ ရာသီအစောပိုင်းကတည်းက မှေးမှိန်သွားခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းက ရာသီဝက်တွင် ဆိုးရွားသော ခြေစွမ်းကို ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အီတီဟက်ဒ်တွင် လီဗာပူးကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တာကြောင့် ယခုတစ်ကြိမ် အိမ်ကွင်းပွဲစဉ်က ၎င်းတို့ရဲ့ အရည်အချင်းကို ကောင်းစွာ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂၊ အာဆင်နယ် - တော့တင်ဟမ်
တော့တင်ဟမ် နည်းပြသစ် ဖရန့်ခ်က ချန်ပီယံလိဂ်တောင်းဆိုမှုများနှင့်အတူ လိဂ်ကခြေစွမ်းကို ပြန်လည်အသက်သွင်းရန် ကြိုးစားရမှာဖြစ်ပြီး ပထမဆုံး မြောက်လန်ဒန် ဒါဘီက အဓိက စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။
ဒီဇင်ဘာ ၁၃၊ ဆန်းဒါးလန်း - နယူးကာဆယ်
ဆန်းဒါးလန်းအနေနဲ့ ထိပ်တန်းလိဂ်သို့ ပြန်လည်တက်လှမ်းပြီးနောက် ခရစ္စမတ်မတိုင်မီ မြောက်အရှေ့ပိုင်း ဒါဘီပွဲကို ကစားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်က ၎င်းတို့ မရှိတဲ့အချိန်တွင် ခြေစွမ်းတိုးတက်ခဲ့သော်လည်း စတေဒီယမ် အော့ဖ် လိုက်ခ် သို့ သွားရောက်ခြင်းကို ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ပါဘူး။
ဇန်နဝါရီ ၇၊ အာဆင်နယ် - လီဗာပူး
ရာသီရဲ့ အကောင်းဆုံးတွေကို နှစ်သစ်တွင် ကောင်းမွန်စွာ တည်ဆောက်ပြီး ဖြစ်ကာ ဆုဖလားအတွက် ပြိုင်ပွဲဝင်သူများလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အမ်မရိတ်စ် တွင် ထိုပွဲစဉ်က အသင်းကြီးနှစ်သင်းကြား အဓိက မှတ်တိုင်တစ်ခု ဖြစ်နိုင်ပါတယ်။
ဖေဖော်ဝါရီ ၇၊ လီဗာပူး - မန်စီးတီး
အန်ဖီးလ် ကွင်းဟာ ချန်ပီယံ လီဗာပူးနှင့် ဂွါဒီယိုလာရဲ့ အသင်းကြား အရေးပါသော ပွဲစဉ် ဖြစ်နိုင်ပါတယ်။ မန်စီးတီးဟာ အပြောင်းအရွှေ့ကာလတွင် အလုပ်များနေခဲ့ပြီး ၎င်းတို့ရဲ့ ကစားသမားသစ်များက ထိပ်ဆုံးသို့ ပြန်လာရန် ကူညီနိုင်မယ်လို့ မျှော်လင့်နေမှာပါ။
ဧပြီ ၁၈၊ အဲဗာတန် - လီဗာပူး
အဲဗာတန်ပရိသတ်တွေက ၎င်းတို့ရဲ့ အကြီးဆုံးဒါဘီပွဲစဉ်အတွက် ရာသီရဲ့ နောက်ဆုံးလမတိုင်မီအထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး ကွင်းသစ်ကြီးတွင် အခါးသီးဆုံး မြို့ခံပြိုင်ဘက်များကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်။