
ရာသီသစ်မတိုင်ခင် ပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ယူနိုက်တက်စတား
ယူနိုက်တက်တောင်ပံကစားသမား ဒီယာလိုက လာမယ့်ရာသီသစ်မတိုင်ခင် ပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်ပါတယ်။
အာမိုရင်ရဲ့ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တာကြောင့် ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။ ရလဒ်အရ ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲမကန်ရပဲ ပြည်တွင်းပြိုင်ပွဲတွေမှာသာ ကစားရမှာဖြစ်ပါတယ်။
စနေနေ့တုန်းက လိဒ်ယူနိုက်တက်နဲ့ရာသီကြိုခြေစမ်းပွဲမှာလည်း ဂိုးမရှိသရေကျခဲ့ပြီး အဆိုပါပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ ကန်ဟာ နဲ့ ဒီယေဂိုလန်နွန်တို့ကို မြင်တွေ့ခဲ့ရပါတယ်။ အမ်ဘွီမိုရောက်လာမှာဖြစ်တာကြောင့် တိုက်စစ်က ပိုထက်မြက်လာဖွယ်ရှိနေပြိး အာမက်က လာမယ့်ရာသီပစ်မှတ်ထားနေတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ရာသီကောင်းတစ်ခုဆိုတာက ထိပ်ဆုံး ၅ သင်းနေရာဝင်တာပါ။ ရာသီအကုန်မှာ ထိပ်ဆုံး ၅ သင်းနေရာဝင်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့အရာနဲ့ကျွန်တော်တို့ထိုက်တန်တာကြောင့်ပါ။ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့အပေါ် စိတ်ရှည်ပေးဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ နည်းပြအသစ် ၊ ကစားသမားအသစ် ၊ နည်းစနစ်အသစ်ဖြစ်တာကြောင့် ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီက အရမ်းမကောင်းခဲ့ပါဘူး။
ဒါပေမယ့် ဒီရာသီမှာတော့ ကျွန်တော်တို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ရာသီအကုန်မှာ ကျွန်တော်တို့အများကြီးအောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ အာမက်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ ရာသီကြိုပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ကစားမှာဖြစ်ပါတယ်။