The network connection is lost.

Banner Image

ဟာလန်းရဲ့ဂိုးတွေနဲ့ အဲဗာတန်ကို သက်တောင့်သက်သာအနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိလာတဲ့ မန်စီးတီး

မန်စီးတီး ၂-၀ အဲဗာတန်(ပွဲပြီးရလဒ်)

ဟာလန်း(၅၈'၊ ၆၃')


ပထမပိုင်းမှာ အဲဗာတန်ရဲ့နောက်တန်းကိုမကျော်နိုင်ခဲ့တဲ့ မန်စီးတီးအနေနဲ့ ဒုတိယပိုင်းမှာတော့ ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အီတီဟတ်မှာ သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲဗာတန်ကတော့ ဂရီးလစ်ရှ်မပါဝင်တာကြောင့် တိုက်စစ်ပိုင်းကစားပုံ အားရစရာမရှိခဲ့ဘဲ နှစ်သိမ့်ချေပဂိုးတောင်ပြန်လည်မရရှိခဲ့ပါဘူး။ ပွဲပြီးကာနီးမှာ ဟာလန်းအနေနဲ့ ဟက်ထရစ်ရလောက်တဲ့ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်ပုံညံ့ဖျင်းခဲ့လို့ ၂ ဂိုးနဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့်မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။