The network connection is lost.

Banner Image

အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ ချဲလ်ဆီး

နော်တင်ဟမ်ဖောရက်စ် ဝ-၃ ချဲလ်ဆီး (ပွဲပြီးရလဒ်) စီးတီးဂရောင်းကွင်းမှာကစားခဲ့တဲ့ အခုပွဲစဉ်မှာတော့ စိတ်လှုပ်ရှားစရာမြင်ကွင်းတွေနဲ့အတူ ရင်ခုန်ဖွယ်ရသအပြည့်ပေးစွမ်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်တွေရော၊ ဧည့်သည်တွေပါ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။ ဒုတိယပိုင်းစတင်လာပြီး မကြာခင်မှာပဲ အာချီပေါင်၊ နက်တိုတို့က သွင်းဂိုးတွေဆက်တိုက်ရယူပေးလို့ ချဲလ်ဆီးတို့ ပွဲစဉ်ကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ရီစီဂျိမ်းစ်က ဧည့်သည်တွေအတွက် အပိတ်ဂိုးသွင်းယူပေးခဲ့ပြီး အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။