The network connection is lost.

Banner Image

ပြိုင်ဘက်ကိုလိမ်ခေါက်ကျော်ဖြတ်ရာမှာ အကောင်းဆုံးကစားသမားက ပယ်လ်မာဖြစ်တယ်လို့ ချီးကျူးလာတဲ့ ဟာဇက်

ချဲလ်ဆီးအိုင်ကွန် အီဒင်ဟာဇက်က လက်ရှိပရီးမီးယားလိဂ်ကြယ်ပွင့်တွေအနက် ပြိုင်ဘက်ကို လိမ်ခေါက်ကျော်ဖြတ်ရာမှာ အကောင်းဆုံးကစားသမားက အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ဟာဇက်အနေနဲ့ အာဆင်နယ်ကြယ်ပွင့် အီဘရီချီအီဇီ၊ လီဗာပူးကြယ်ပွင့်တွေဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ မိုဟာမက်ဆာလက်တို့ကိုကျော်ဖြတ်ပြီး ပယ်လ်မာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာချန်နယ်တစ်ခုမှပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဟာဇက်ဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလိမ်ခေါက်ကျော်ဖြတ်သူကိုရွေးချယ်ရာမှာ မန်စီးတီးကြယ်ပွင့်ဖီးလ်ဖိုဒန်၊ လီဗာပူးကြယ်ပွင့် ဝစ်ဇ်၊ အဲဗာတန်မှ ဂျက်ခ်ဂရီးလစ်ရှ်နဲ့ တော့တင်ဟမ်မှ မိုဟာမက်ကူဒက်စ်တို့ကိုကျော်ဖြတ်ပြီး အာဆင်နယ်စတား အီဇီကို အစောပိုင်းမှာ ရွေးချယ်ထားခဲ့ပါတယ်။

ထို့နော်က အင်တာဗျူးသူက ပယ်လ်မာရဲ့နာမည်ကိုထုတ်ဖော်ပြောကြားလိုက်ချိန်မှာတော့ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်းက ပယ်လ်မာသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဟာဇက်က "ကျွန်တော့်ရင်ဘတ်ကိုထိအောင်လုပ်နိုင်တာ သူပဲရှိပါတယ်။ ဒါကြောင့် ကိုးလ်ပယ်လ်မာက အကောင်းဆုံးလို့ပြောရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင်ဟာဇက်ဟာ လီဗာပူးတိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ အလက်ဇန်းဒါးအီဆက်ခ်နဲ့ ဆာလက်တို့ကိုလည်း ဆက်လက်ပယ်ချခဲ့ပြီး ပယ်လ်မာကိုသာ အလိမ်အခေါက်အကောင်းဆုံးကစားသမားအဖြစ် ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ ပယ်လ်မာဟာ ပြီးခဲ့တဲ့ရာသီကတော့ ပြိုင်ဘက်ကိုလိမ်ခေါက်ကျော်ဖြတ်မှု ၅၁ ကြိမ်နဲ့ ချဲလ်ဆီးမှာ အများဆုံးဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်မှာ ၃ ပွဲသာပါဝင်ကစားထားရပါသေတးယ်။

ပယ်လ်မာဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး လိမ်ခေါက်ကျော်ဖြတ်သူဖြစ်တယ်ဆိုတာက အချို့ပရိသတ်တွေအတွက်တော့ အငြင်းပွားစရာဖြစ်နိုင်ပေမယ့် တစ်ချိန်က ချဲလ်ဆီးရဲ့အကောင်းဆုံးကွင်းလယ်လူဖြစ်ခဲ့ဖူးတဲ့ဟာဇက်ကတော့ သူ့အသင်းဘက်မှာအမြဲတမ်းရှိနေဆဲဆိုတာကို ဆက်လက်သက်သေပြသခဲ့ပါတယ်။

ဆက်လက်ပြီး ဟာဇက်က "ကျွန်တော်ဘောလုံးမကစားတာ ၂ နှစ်ရှိပါပြီ။ ဒါပေမယ့် ပရိသတ်တွေနဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်ကိုသွားရတာက ပျော်စရာကောင်းနေတုန်းပါပဲ။ ဒီလိုကြီးကျယ်တဲ့ကွင်းကြီးမှာ ဘောလုံးကစားရတာကို ပြန်လွမ်းမိပေမယ့် ကလေးတွေနဲ့အတူ ပန်းခြံထဲမှာတော့ ဘောလုံးကစားနေရလို့ အဆင်ပြေပါတယ်။ ကျွန်တော့်မှာ ကလေး ၅ ယောက်ရှိပြီး အားလုံးက ချဲလ်ဆီးပရိသတ်တွေပါ" လို့ပြောကြားခဲ့ပါတယ်။