လာလီဂါဆီ ပြောင်းရွှေ့ကစားရန် အိပ်မက်တစ်ခုရှိနေကြောင်း ဒေးဗစ်ရာယာ ဝန်ခံပြောကြား
အာဆင်နယ် နံပါတ်တစ် ဂိုးသမား ဒေးဗစ်ရာယာက အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဘရန့်ဖို့ဒ်ကနေ အငှားစာချုပ်နဲ့ မြောက်လန်ဒန်ဆီ စတင်ရောက်ရှိလာခဲ့ပြီးနောက် စပိန်လက်ရွေးစင် ကစားသမားက သုံးရာသီအတွင်း ကမ္ဘာ့ထိပ်တန်း ဂိုးသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။
ရာယာက ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု သုံးကြိမ်အထိ ဆွတ်ခူးရရှိထားပြီး အမ်းမရိတ်ကွင်းမှာ အာတီတာရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ်အငြင်းပွားဖွယ်မရှိ ရပ်တည်နေပါတယ်။
စပိန်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆွတ်ခူ;ခဲ့ပြီးနောက် ရာယာအနေနဲ့ အနာဂတ်မှာ မိခင်နိုင်ငံဆီ ပြန်လည်ပြောင်းရွှေ့သွားနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို ဒီဂိုးသမား ကိုယ်တိုင်ကလည်း အဲ့ဒီစိတ်ကူးရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ရာယာက"တစ်နေ့ကျရင် လာလီဂါမှာ ကစားချင်ပါတယ်။
လက်ရှိမှာ ကျွန်တော် အာဆင်နယ်မှာ အရမ်းပျော်နေပါတယ်၊ ဒါပေမဲ့ တစ်နေ့ကျရင် လာလီဂါမှာ ကစားချင်တာကတော့ အမှန်ပါပဲ။ ဒါဟာ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်။
ကျွန်တော်က စပိန်လူမျိုးတစ်ယောက်ဖြစ်လို့ စပိန်မှာ ကစားချင်တာကတော့ သိသာထင်ရှားတဲ့ ကိစ္စတစ်ခုပါပဲ" လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲပေါင်း ၁၇၆ ပွဲမှာ Clean sheet ၇၂ ပွဲအထိ ရထားတဲ့ ရာယာက အာဆင်နယ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေဆဲ ဖြစ်ပါတယ်။