The network connection is lost.

Banner Image

အာဆင်နယ်သို့ပြောင်းရွှေ့လိုကြောင်း အာတီတာကို ဖုန်းဆက်အသိပေးခဲ့တဲ့ အီဇီ

မကြာသေးမီကမှ တော့တင်ဟမ်ရဲ့ချိတ်ဆက်မှုတွေရရှိခဲ့ပြီး တော့တင်ဟမ်သို့ပြောင်းရွှေ့သို့သဘောတူညီမှုရရှိခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဘရီချီအီဇီကို အာဆင်နယ်က ကြားထဲကနေ ဖြတ်ခုတ်ခေါ်ယူနိုင်ခဲ့ပြီး ယခုအခါမှာတော့ နည်းပြမီခေးလ်အာတီတာက အီဇီဟာ အာဆင်နယ်သို့ပြောင်းလိုကြောင်း သူ့ကိုဖုန်းဆက်အသိပေးခဲ့တယ်လို့ ဆိုလာပါတယ်။ 

တော့တင်ဟမ်ဟာ အီဇီကို ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူနိုင်ဖို့ ၁၀ ရက်ကြာဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ပေမယ့် အာဆင်နယ်က ပေါင် ၆၇.၅ သန်းနဲ့ အမိအရခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ တော့တင်ဟမ်အစား အာဆင်နယ်ကိုသာရွေးချယ်ခဲ့တာဖြစ်ပြီး စနေနေ့က လိဒ်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ 

ယခုအခါမှာ အီဇီအနေနဲ့ သူ့ကိုဖုန်းခေါ်မှုတွေပြုလုပ်ခဲ့သလားလို့မေးမြန်းခဲ့ရာ အာတီတာက ငြင်းဆိုခြင်းမရှိဘဲ "ဒါက သူအသင်းကို ဘယ်လောက်အထိလာချင်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ။ တစ်ခါတလေမှာ အပြောင်းအရွှေ့တွေက ရှုပ်ထွေးတတ်ပေမယ့် ကျွန်တော်ကတော့ သူ့ကိုခေါ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အီဇီအနေနဲ့ သောကြာနေ့က နော်ဝေးကလပ် ဖရက်ဒရစ်စတက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ ပဲလေ့စ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ နည်းပြ အိုလီဗာဂလက်စ်နာက ပြောကြားခဲ့ပေမယ့် အင်္ဂလန်သားဟာ ပါဝင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်သို့ ချက်ချင်းထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်နဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီး ကျောနံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်သွားပါမယ်။ 

အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင်အိုဒီဂတ်နဲ့ တောင်ပံကြယ်ပွင့်ဘူကာယိုဆာကာတို့ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ထားရတာကြောင့် အီဇီအနေနဲ့ နောက်အပတ်မှာတော့ အာဆင်နယ်အတွက် စတင်ပွဲထွက်ကစားခွင့်ရသွားနိုင်ပါတယ်။