The network connection is lost.

Banner Image

ဗာမီရန်ကိုခေါ်ယူပြီး နည်းပြသစ်ဒီဇာဘီလက်အောက် ကစားသွားစေဖို့ ဆန္ဒရှိနေတဲ့ တော့တင်ဟမ်

လာမယ့်နွေရာသီမှာတော့ တော့တင်ဟမ်က မာဆေးလ်အငှားကစားသမားဗာမီရန်ကို နည်းပြသစ်ဒီဇာဘီနဲ့အတူ ပြန်လည်ဆုံတွေ့ပေးဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားလေးက ပြင်သစ်တောင်ပိုင်းကလပ်အသင်းမှာ အတက်အကျများတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေပြီး အခုအချိန်အထိ လီဂူးဝမ်းပွဲစဉ် ၁၇ ပွဲမှာ ကိုးပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

BILD ရဲ့ ဖော်ပြချက်အရ မာဆေးလ်က ပြီးခဲ့တဲ့နွေရာသီ၊ လိုက်ပ်ဇစ်ဆီမှ အငှားဖြင့်ခေါ်ယူချိန် ပါဝင်ခဲ့တဲ့ ယူရိုသန်း ၂၀ တန်အပြီးသတ်ဝယ်ယူခွင့်ကို အသုံးချသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါသတင်းမှာပဲ ဗာမီရန်က အခုဘောလုံးရာသီကုန်ဆုံးချိန် လိုက်ပ်ဇစ်အသင်းမှ အပြီးတိုင်ထွက်ခွာနိုင်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

ဒီကစားသမားကို တော့တင်ဟမ်နဲ့အတူ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူ အင်တာမီလန်ကလည်း စိတ်ဝင်စားနေပေမဲ့ အခုထိတော့ တရားဝင်ကမ်းလှမ်းမှုတစုံတရာ မရှိသေးပါဘူး။