The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းမှနုတ်ထွက်သွားတဲ့ အာဆင်နယ်ကြယ်ပွင့်တွေကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ သောမတ်စ်တူချယ်

ဂျပန်အသင်းနဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်မတိုင်ခင် လက်ရွေးစင်အသင်းမှနုတ်ထွက်ကာ အာဆင်နယ်ဆီပြန်သွားခဲ့တဲ့ ဒီကလန်ရိုက်စ်နဲ့ ဆာကာတို့ကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသောမတ်စ်တူချယ်က ကာကွယ်ပြောဆိုလိုက်ပါတယ်။

တူချယ်အတွက် ရွေးချယ်စရာတွေကို အကဲဖြတ်နိုင်ရန် မတ်လနိုင်ငံတကာသီတင်းပတ်ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂလန်အသင်းက ဝင်ဘလေကွင်းမှာ ဂျပန်နဲ့ ရင်ဆိုင်ကစားဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဆေးစစ်မှုခံယူရန်အကြောင်းပြချက်ဖြင့် မြောက်လန်ဒန်ကလပ်ဆီ ပြန်သွားတဲ့ ဒီကလန်ရိုက်စ်နဲ့ ဆာကာတို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ မပါဝင်လာတော့ပါဘူး။

အခုလိုနုတ်ထွက်သွားခြင်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာ တူချယ်က "ဒီအခြေအနေကိုကြည့်ပြီး လူတွေရဲ့အတွေးတွေ ဘယ်လိုရှိကြမလဲဆိုတာ ကျွန်တော် နားလည်ပါတယ်" လို့ ပြောပါတယ်။

"ဒီကလန်ရိုက်စ်နဲ့ ဆာကာတို့ရဲ့ ရိုးသားမှုအပေါ် ကျွန်တော့်မှာ ရာနှုန်းပြည့်ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ဆေးစစ်ချက်တွေ လုပ်ခဲ့သလို အဲဒါတွေကိုလည်း ကျွန်တော် ကိုယ်တိုင်မြင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ကျွန်တော့်အပေါ် မရိုးသားဘူးလို့ ယုံကြည်စရာ အကြောင်းပြချက်မရှိပါဘူး။ ဒါပေမဲ့ အာဆင်နယ်ကစားသမားတွေ အများကြီးပါဝင်နေလို့ အပြင်ဘက်မှကြည့်ရင် ဘယ်လိုမြင်မလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့လည်း အသင်းမှာ ပါဝင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး သိသိသာသာကို မသက်မသာဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။