The network connection is lost.

Banner Image

ဖလားလေးလုံးရယူနိုင်မယ့် အခွင့်အရေးနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က ဒီနှစ်ရာသီ ဖလားလေးလုံးစလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီ ဖွင့်ဟပြောကြားလာပါတယ်။
အင်္ဂါနေ့ညက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်က နှစ်ကျော့ပေါင်းရလဒ် ၄-၂ဂိုးနဲ့ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ 
လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို၊ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်းယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ 
'Men in Blazers' နဲ့ အင်တာဗျူးမှာ အိုဒီဂတ်က"ကျွန်တော်တို့က အရာအားလုံးကို အနိုင်ရဖို့အတွက် ကစားတာပါ။ ကစားတဲ့ပွဲတိုင်း၊ ပါဝင်တဲ့ ပြိုင်ပွဲတိုင်းနဲ့ ဖလားတိုင်းကို ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းပါပဲ။
အရင်က ပြောခဲ့သလိုပဲ အဓိကသော့ချက်ကတော့ လက်ရှိအခိုက်အတန့်မှာပဲ ရှိနေဖို့နဲ့ အဝေးကြီးကို ကြိုမတွေးဖို့ပါပဲ။ ကျွန်တော်တို့အတွက်ကတော့ ပွဲတိုင်းကို အနိုင်ရဖို့ပဲ ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါ။
လက်ရှိမှာတော့ လာမယ့်ပွဲကိုပဲ အာရုံစိုက်ရမှာပါ။ ပြိုင်ပွဲစုံမှာ ပါဝင်နေရတာက ကောင်းတဲ့အချက်တစ်ခုဖြစ်ပြီး ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ။ အသင်းသားတွေအတွက်လည်း အားလုံးကို တွန်းအားပေးနိုင်ဖို့ ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်ံ။
အာဆင်နယ်အသင်းဟာ လာမယ့်ပဲွစဉ်အဖြစ် ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။