
ဘိုင်ယန်မြူးနစ်နှင့် နာပိုလီသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခံရသော်လည်း ပရီးမီးယားလိဂ်တွင် ဆက်နေနိုင်ဖွယ်ရှိသေးတဲ့ ဂျက် ဂရီးလစ်ရှ်
မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီလစ်ရှ်က ဘိုင်ယန်မြူးနစ်နှင့် နာပိုလီတို့၏ စိတ်ဝင်စားမှုများကြားတွင် ဟယ်ရီ ကိန်း သို့မဟုတ် ကီဗင် ဒီဘရိုင်းတို့နှင့် ပြန်လည်ပေါင်းစည်းရန် အသင့်ဖြစ်နေပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ မန်စီးတီးကြယ်ပွင့် ဂရီလစ်ရှ်ဟာ အီတီဟတ်ဒ် အားကစားကွင်းတွင် အနာဂတ် မရေမရာဖြစ်နေမှုများကြားမှ ဘိုင်ယန်နှင့် နာပိုလီတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂရီလစ်ရှ်က ၂၀၂၄-၂၅ ရာသီ စွမ်းဆောင်ရည် ကျဆင်းခဲ့ခြင်းနှင့် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားအသင်းမှ ချန်လှပ်ခံရပြီးနောက် ကလပ်မှ ထွက်ခွာဖွယ်ရှိနေပါတယ်။
ဂွါဒီယိုလာရဲ့ အသင်းဟာ ဂရီလစ်ရှ်ကို ရောင်းချလိုနေပြီး ဂျာမန်နှင့် အီတလီကလပ်တို့က အငှားဖြင့်ဖြစ်စေ ပြောင်းရွှေ့ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲဗာတန်၊ တော့တင်ဟမ် နှင့် အက်စတွန်ဗီလာတို့ကလည်း ဖြစ်နိုင်ခြေရှိတဲ့ အသင်းအဖြစ် ပေါ်ထွက်လာပြီး ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။
ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တွင် ပွဲ ၂၀ သာ ကစားခဲ့ပြီး တစ်ဂိုးသွင်းကာ တစ်ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူဟာ ပွဲထွက်ခွင့်တွင် ဆာဗင်ဟိုနှင့် ဂျေရမီ ဒိုကူတို့နောက်တွင်သာ ရှိခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ လူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်တွင် အက်စတွန်ဗီလာမှ ပေါင် သန်း ၁၀၀ ဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ချိန်မှစ၍ ပြိုင်ပွဲစုံတွင် ၁၅၇ ပွဲ ကစားကာ ၁၇ ဂိုးသွင်းယူပြီး ၂၃ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားတွင် ဂွါဒီယိုလာက ဂရီလစ်ရှ်ကို အမေရိကသို့ ခေါ်မသွားခဲ့တဲ့ ၎င်း၏ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပြုခဲ့ပါတယ်။ စပိန်သားနည်းပြက အားကစားနှင့် မသက်ဆိုင်တဲ့ အကြောင်းပြချက်များကြောင့် မဟုတ်ကြောင်း အလေးထားပြောကြားခဲ့ပါတယ်။ "သူ မကစားရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ကျွန်တော်ကြောင့်ပါ။ သူ့ရဲ့ အပြုအမူကြောင့်ဖြစ်စေ၊ တခြားဘာကြောင့်မှ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ဂရီလစ်ရှ်က ထိပ်တန်းကစားသမား အဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း သူ့ရဲ့ပြိုင်ဘက်များက ပိုမိုအားကောင်းခဲ့ပါတယ်။ ဂွါဒီယိုလာက "ကျွန်တော် ဂျက်အတွက် အကောင်းဆုံးကိုပဲ လိုချင်ပါတယ်။ သူ့အတွက်၊ သူ့အဖော်အတွက်၊ သူ့ကလေးတွေအတွက်၊ သူ့မိသားစုအတွက်ပါ။ သူ့ရဲ့ အရည်အချင်းကို တစ်ခါမှ သံသယမဝင်ခဲ့ဖူးပါဘူး။ သူ့မပါဘဲ ကျွန်တော်တို့ အဲဒီတုန်းက ဆုဖလာ ၃ လုံးကို ရရှိမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
နာပိုလီက မန်စီးတီးနှင့် အငှားစာချုပ်ချုပ်ဆိုရန် ကြိုးစားနေပြီး လုပ်ခလစာ တစ်စိတ်တစ်ပိုင်းကို ကာမိစေမည်ဖြစ်ကာ ဘိုင်ယန်ရဲ့ စိတ်ဝင်စားမှုမှာ တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူရန် ကလပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေကာ နစ်ခ် ဝေါလ်တန်မား ကဲ့သို့ အခြားရွေးချယ်စရာများကိုလည်း ဆက်လက် စဉ်းစားနေဆဲဖြစ်ပါတယ်။ ဂရီလစ်ရှ်က ဘွန်ဒက်စ်လီဂါတွင် ကိန်းနှင့် ပူးပေါင်းရန်၊ စီးရီးအေတွင် ဒီဘရိုင်းနားနှင့် ပူးပေါင်းရန် ရည်ရွယ်ထားသလား သို့မဟုတ် အင်္ဂလန်တွင် ဆက်နေလိုသလားဆိုတာကို အချိန်ကသာ ပြောပြသွားပါလိမ့်မယ်။