နယူးကာဆယ်ကို အသည်းအသန်ကစားပြီး အနိုင်ယူကာ ဇယားထိပ်ပြန်ရောက်လာတဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၀ နယူးကာဆယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်အတွင်း အီဇီရဲ့သွင်းဂိုးတစ်ဂိုးကလွဲရင် တိုက်စစ်ပိုင်းအားရစရာမရှိခဲ့ပေမဲ့ လိုအပ်နေတဲ့ အဖိုးတန်နိုင်ပွဲတစ်ခုကိုရယူကာ ဇယားထိပ်ကိုပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်က ပွဲအစပိုင်းမှာ အားရစရာကောင်းခဲ့ပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဟာဗက်ဇ်၊ အီဇီတို့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာကြောင့် အခြေအနေပြန်လည်ဆိုးရွားခဲ့ပြီး သရေမကျအောင် ပွဲချိန်ကုန်ဆုံးတဲ့အထိ အသည်းအသန်ကစားခဲ့ရပါတယ်။
ဒဏ်ရာပြဿနာများနေတဲ့ နယူးကာဆယ်က ယနေ့ညပွဲစဉ်အတွင်း အာဆင်နယ်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပဂိုးမရယူနိုင်ခဲ့တာကြောင့် ရှုံးပွဲဆက်ခဲ့ရပါတယ်။