The network connection is lost.

Banner Image

မော်ဂန်ရိုဂျာစ်ကို ပီအက်စ်ဂျီစောင့်ကြည့်နေချိန် ဂစ်ဝှိုက်ကိုခေါ်ယူဖို့ မျက်စိကျလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ပီအက်စ်ဂျီရဲ့ပစ်မှတ်ဖြစ်နေတဲ့ မော်ဂန်ရိုဂျာစ်ရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူအဖြစ် နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်မော်ဂန်ဂစ်ဝှိုက်ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိပြီးနောက် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကို ပိုမိုအင်အားတောင့်တင်းအောင် ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အက်စတွန်ဗီလာအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ရိုဂျာစ်ကို ဂန်းနားတွေရဲ့အဓိကပစ်မှတ်အဖြစ် သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒီအပြောင်းအရွှေ့ပြိုင်ပွဲမှာ ပီအက်စ်ဂျီလည်း ပါဝင်လာလို့ အခြားရွေးချယ်စရာတွေကို ရှာဖွလာခဲ့ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ အသက်-၂၆ နှစ်အရွယ်ကစားသမားကို ရွေးချယ်စရာတွေအနက် တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဂစ်ဝှိုက်က ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၅၃ ပွဲကစားရာမှာ ၁၈ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုခုနစ်ကြိမ်ပြုလုပ်ကာ အထင်ကြီးစရာခြေစွမ်းမျိုး ပြသခဲ့ပါတယ်။