ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့် ခဗာရက်စ်ခီလီယာဆီ အားပေးစကားပေးပို့လိုက်တဲ့ ရော်နယ်ဒို
ရီးရဲလ်မက်ဒရစ် ဂန္ထဝင်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာ (ACL) ရရှိသွားခဲ့တဲ့ ပီအက်စ်ဂျီ တောင်ပံကစားသမား ခဗီချာခဗာရက်စ်ခီလီယာဆီ အားပေးစကား ပေးပို့ခဲ့ပါတယ်။
အင်္ဂါနေ့က ဘာစီလိုနာကို ၄ - ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသက် ၂၅ နှစ်အရွယ် ခဗာရက်စ်ခီလီယာက ဆိုးရွားတဲ့ ACL ဒဏ်ရာ ရရှိခဲ့တာကြောင့် ၂၀၂၆-၂၇ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဂျော်ဂျီယာလက်ရွေးစင်ကစားသမား အမြန်ဆုံး ပြန်သက်သာလာစေဖို့အတွက် ငယ်ဘဝ အားကျရတဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒို အပါအဝင် ဘောလုံးလောကအသိုက်အဝန်း က ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။
Instagram မှာ ရော်နယ်ဒိုက"ဘောလုံးလောကမှာ အခက်ခဲဆုံး တိုက်ပွဲတွေဆိုတာ ဘယ်သူမှ မမြင်တွေ့နိုင်တဲ့ တိုက်ပွဲတွေ ဖြစ်နေတတ်ပါတယ်"
"ဒီခံစားချက်ကို ငါ ကောင်းကောင်း နားလည်ပါတယ် ခဗာရာ။ ဒါပေမဲ့ မင်းကို အခုလိုနေရာအထိ ရောက်လာစေခဲ့တဲ့ အရာတွေကို ဘယ်တော့မှ မမေ့ပါနဲ့၊ ခက်ခဲတဲ့ အခိုက်အတန့်တစ်ခုကြောင့် မင်း ဘယ်လောက်အထိ ဆက်သွားနိုင်မလဲဆိုတဲ့အပေါ် သံသယ မဝင်ပါစေနဲ့။ အဲဒီ စိတ်အားထက်သန်မှု မီးတောက်ကို ဆက်လက်ရှင်သန်ပါစေ။ မင်းအတွက် အကောင်းဆုံးအချိန်တွေလာဖို့ရှိနေပါသေးတယ်" လို့ ရေးသားခဲ့ပါတယ်။