ဟွိုက်လန်းဟာ နာပိုလီအသင်းအတွက် တန်ဖိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာမယ်လို့ ဒီဘရိုင်း ယုံကြည်နေ
နာပိုလီအသင်းရဲ့ အဓိကကစားသမားဖြစ်သူ ဒီဘရိုင်းက ရပ်စ်မတ်စ် ဟွိုက်လန်းဟာ အသင်းအတွက် တန်ဖိုးထက်ပိုတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ အခုရာသီမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ ရာသီအကုန်မှာ နာပိုလီနဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
"သူက ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်၊ သူ့မှာ ကောင်းမွန်တဲ့ အရည်အသွေးတွေ အများကြီးရှိတယ်" လို့ ဒီဘရိုင်းက La Gazzetta dello Sport သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"သူ မန်ချက်စတာမှာတုန်းက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပေမဲ့ အခု ဒီမှာတော့ အားလုံး အဆင်ပြေနေပါတယ်။ သူက ငယ်သေးတာမို့ တိုးတက်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်" လို့လည်း ဆိုပါတယ်။
အငှားစာချုပ်ပါ အချက်အလက်တွေအရ နာပိုလီအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် ဟွိုက်လန်းကို အပြီးသတ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ အဆိုပါ အပြီးသတ်ဝယ်ယူခွင့် တန်ဖိုးကိုတော့ ယူရို ၄၅ သန်းအဖြစ် သတ်မှတ်ထားပါတယ်။