The network connection is lost.

Banner Image

ဟယ်ရီကိန်းကို ကမ္ဘာ့အဆင့်မီကစားသမားဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုဘူးလို့ ထုတ်ပြောလာတဲ့ ဂျရတ်

လီဗာပူးနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က ဟယ်ရီကိန်းကို "ကမ္ဘာ့အဆင့်မီ" (world class) ကစားသမားတစ်ဦးဖြစ်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် ပွဲ ၄၀ ပါဝင်ကစားထားပြီး ၄၈ ဂိုးအထိ သွင်းယူပေးထားနိုင်လို့ အံ့အားသင့်စရာ စံချိန်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီတိုက်စစ်မှူးက ခြေချင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်နေရပေမဲ့ အခုညပိုင်းမှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။

"ဟယ်ရီကိန်းက တကယ့်ကို ထူးထူးခြားခြား ကောင်းမွန်တဲ့သူပါ" လို့ ဂျရတ်က talkSPORT ကို ပြောခဲ့ပါတယ်။

"သူ့ရဲ့အခုလိုခြေစွမ်းမျိုးကို ကမ္ဘာ့ဖလားအထိ ဆက်ပြီးထိန်းထားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီရာသီကို သူ အကောင်းဆုံးပုံစံနဲ့အဆုံးသတ်နိုင်ဖို့လည်း မျှော်လင့်မိပါတယ်။ သူ့ရဲ့ဂိုးသွင်းစွမ်းရည် ကောင်းမွန်ရုံတင်မကဘဲ ဘောလုံးပွဲအပေါ် နားလည်မှု (game understanding)အပိုင်းမှာလည်း မယုံနိုင်စရာ ကောင်းလှပါတယ်။ သူက ကမ္ဘာ့အဆင့်မီကစားသမားပါ" လို့ ဂျရတ်က ဆိုပါတယ်။