ကွန်တီရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာကို နာပိုလီ မျက်စိကျနေ
ကွန်တီသာ အီတလီလက်ရွေးစင်အသင်းနည်းပြတာဝန်ယူဖို့ ထွက်ခွာသွားမယ်ဆိုရင် ချယ်လ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာကိုခေါ်ယူဖို့အတွက် နာပိုလီအသင်း စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အသက် ၅၆ နှစ်အရွယ်ကွန်တီက အီတလီအသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်ဆက်လွဲချော်ပြီးနောက်ပိုင်း လက်ရွေးစင်အသင်းဆီ ပြန်လည်ရောက်ရှိဖို့အတွက် သတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
နာပိုလီအသင်းကလည်း ကွန်တီသာ အီတလီနည်းပြအလုပ်ကို လက်ခံချင်တယ်ဆိုရင် မတားဆီးဖို့ ဆုံးဖြတ်ထားပြီး သူမရှိတော့မယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ နားလည်ရပါတယ်။
Tuttomercatoweb ရဲ့ ဖော်ပြချက်အရ နာပိုလီက ကွန်တီရဲ့နေရာကို ဆက်ခံနိုင်မယ့်သူအဖြစ် ချယ်လ်ဆီးနည်းပြဟောင်းမာရက်စ်ကာကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။
အခုရာသီအစောပိုင်းမှာ ဖီအိုရင်တီးနားအသင်းက မာရက်စ်ကာကို စီးရီးအေဆီ ပြန်လာဖို့ ဆွဲဆောင်ခဲ့ပေမဲ့ အသက် ၄၆ နှစ်အရွယ်နည်းပြကတော့ အဲဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း မကြာခင်ကာလအတွင်း မန်စီးတီးမှ ထွက်ခွာနိုင်ခြေရှိနေလို့ မာရက်စ်ကာက မန်စီးတီးနည်းပြရာထူးတာဝန်အတွက် စောင့်ဆိုင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။