The network connection is lost.

Banner Image

ပွဲကျပ်ကာလမှာ မန်စီးတီးအသင်း ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်နေတဲ့ ဂွါဒီယိုလာ

မန်စီးတီးကစားသမားတွေအနေနဲ့ ပွဲစဉ်တွေများပြားတာနဲ့ပတ်သက်ပြီး ညည်းညူမယ်ဆိုရင် နည်းပြ ပက်ပ်ဂွါဒီယိုလာက လက်ခံမှာ မဟုတ်ပါဘူး။  စပိန်လူမျိုးနည်းပြက အသင်းသားတွေအနေနဲ့ ပွဲတွေဆက်နေပေမဲ့ ဖလားရယူနိုင်တဲ့ ခြေစွမ်းကို ပြန်လည်ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

စနေနေ့က နယူးကာဆယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းဟာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်အထိ ၂၆ ရက်အတွင်း ချန်ပီယံလိဂ် ၂ ပွဲ၊ ပရီးမီးယားလိဂ် ၅ ပွဲနဲ့ ဘရန်ဖို့ဒ်နဲ့ကစားမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်အပါအဝင် စုစုပေါင်း ၈ ပွဲ ကစားရမှာဖြစ်ပါတယ်။

ဂွါဒီယိုလာက"ကျွန်တော်တို့ ဒီလိုကစားရတာကို ကျင့်သားရနေပါပြီ။ ဒီလိုကစားရင်းနဲ့ပဲ ကျွန်တော်တို့ ဖလား ၄ လုံး၊ ၃ လုံး ရယူနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ဒါကို လိုချင်ပါတယ်။ ဖလား ၃ လုံး၊ ၄ လုံးရခဲ့တာက စနေနဲ့ အင်္ဂါ၊ ပြီးတော့ အင်္ဂါနဲ့ သောကြာ၊ သောကြာနဲ့ တနင်္ဂနွေ ကစားခဲ့လို့ ရခဲ့တာပါ။ ဒါက ပြဿနာမဟုတ်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီ ၂ ခုတုန်းက ပွဲကြပ်တာကြောင့် ဒဏ်ရာရတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ခဲ့ရတယ်လို့ ညည်းညူခဲ့ဖူးပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ၄ ကြိမ်မြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၇ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။