The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်ကို လွဲချော်မယ့် ဘာစီလိုနာကြယ်ပွင့် ပက်ဒရီ

စနေနေ့က ဘီလ်ဘာအိုကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ည စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အာရုံစိုက်နေပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင် နည်းပြ ဟန်စီဖလစ်ခ်အတွက် ဒဏ်ရာရကစားသမားတွေနဲ့ပတ်သက်ပြီး သတင်းကောင်းနဲ့ သတင်းဆိုးတွေ ရှိနေပါတယ်။ 

ဘီလ်ဘာအိုနဲ့ပွဲကို  တုပ်ကွေးကြောင့် လွဲချော်ခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်ဟာ တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပေမယ့် ပက်ဒရီကတော့ အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်သေးတဲ့အတွက် လန်ဒန်ခရီးစဉ်ကို လွဲချော်ရဖွယ်ရှိနေပါတယ်။

ကနဦးသတင်းတွေအရ ပက်ဒရီ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ဘာစီလိုနာအသင်းကတော့ ၁၀၀% မကောင်းသေးတဲ့ စပိန်ကြယ်ပွင့်ကစားသမားကို စွန့်စားပြီး သုံးစွဲချင်မှာ မဟုတ်ဘူးလို့ Sport သတင်းဌာနက ဖော်ပြပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် စောစောစီးစီး လူစားလဲခဲ့ရတဲ့ အလက်ဟန်းဒရိုးဘာလ်ဒီလည်း တနင်္ဂနွေနေ့မနက်ပိုင်းက လေ့ကျင့်ခန်းဆင်းခဲ့ပြီး လန်ဒလန်ကလပ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

ဖလစ်ခ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် စနေညပွဲကို လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုလည်း အင်္ဂါနေ့ပွဲစဉ်အတွက် ပွဲထွက်ခွင့်ပေးနိုင်မယ့် အခြေအနေရှိနေပါတယ်။