သူ့ရဲ့ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားမှု ကို သဘောကျနေတဲ့ ဒေးဗစ်မိုရက်စ်
ဒီနေ့မနက်ပိုင်း၊ မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဘာကြောင့် ဂူယီ အနီကတ်ပြသခံရသလဲဆိုတာ နားမလည်နိုင်ဘူးလို့ အဲဗာတန်နည်းပြဒေးဗစ်မိုရက်စ်က အတိအလင်းပြောကြားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲအစ ၁၃ မိနစ်မှာတင် အသက်-၃၇ နှစ်အရွယ်ကစားသမားက အသင်းဖော်မိုက်ကယ်ကိန်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ အနီကတ်ပြသခံခဲ့ရပါတယ်။
ကစားသမားတစ်ဦးလျော့ကျသွားပေမယ့် အဲဗာတန်က ဒျူးဘူရီဟောလ်ရဲ့လှပတဲ့သွင်းဂိုးနဲ့အတူ အိုးထရက်ဖို့ဒ်မှာ အမှတ်ရစရာအနိုင်သုံးမှတ်ကို ရယူခဲ့ပါတယ်။ ပွဲစဉ်အပြီး သူ့ရဲ့ကစားသမားနှစ်ဦးအကြား ရန်ပွဲအပေါ် စိတ်ဝင်စားပုံမပြတဲ့ ဒေးဗစ်မိုရက်စ်က အခုလိုအချင်းများမှု ကို အတော်လေးနှစ်သက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
မိုရက်စ်က “ ဒီအနီကတ်ပြစ်ဒဏ်ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားသူလည်း မရှိဘူးလို့ ထင်ပါတယ်။ အန်သိုနီတေလာကတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိရင် ထုတ်ပယ်ခံရနိုင်တယ်လို့ ကျွန်တော့်ဆီ ရှင်းပြပါတယ်။
ကွင်းတွင်းမှာရှိနေသူတိုင်းလည်း ဒါကိုတွေးမိမယ်လို့ မထင်ပါဘူး။ ဒါက ကစားသမားအချင်းချင်းအကြား တစ်ဦးနဲ့တစ်ဦး ဂရုတစိုက်တွန်းအားပေးနေခြင်းဖြစ်လို့ ကျွန်တော့်ရဲ့ကစားသမားတွေ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ်ပွားတာကို ကျွန်တော်တော့ သဘောကျပါတယ်။ ထုတ်ပယ်ခံရလို့ ဂူယီကိုယ်တိုင်လည်း စိတ်ပျက်နေခဲ့ပါတယ်။ သူ တောင်းပန်ခဲ့ပြီးပါပြီ။ သူက အသင်းကို ဂုဏ်ပြုပေးခဲ့ပြီး ရလဒ်အတွက်လည်း ကျေးဇူးတင်နေပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။