The network connection is lost.

Banner Image

ဟာလန်းကို ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားစာရင်းမှချန်လှပ်ခဲ့တဲ့ရွန်းနီကို ဂွါဒီယိုလာတုံ့ပြန်

မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက အသင်းရဲ့တိုက်စစ်မှူး အာလင်းဟာလန်းကို ပရီးမီးယားလိဂ်ရာသီဝက် အကောင်းဆုံးကစားသမားစာရင်းမှချန်လှပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီကို တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ယခုတစ်ပတ်အစောပိုင်းမှာ လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမား ၃ ဦးကိုရွေးချယ်ခဲ့ရာ ရွန်းနီက ဘရိုင်ယန်အမ်ဘွေမို၊ ဗစ်တာယော်ကရက်စ်နဲ့ အန်တိုနီဆီမီညိုတို့ကိုရွေးချယ်ခဲ့တာကြောင့် အနည်းငယ်အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ 

ရွန်းနီရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ယခုအခါမှာတော့ ဂွါဒီယိုလာက "သူက ယူနိုက်တက်ပရိသတ်တစ်ယောက်ပဲ။ သူရွေးတာမှန်ပါတယ်။ ဒါက ကိုယ့်ရဲ့အမြင်အပေါ်မှာပဲမူတည်ပါတယ်။ ခင်ဗျားအနေနဲ့လည်း အခြားတစ်ယောက်ကိုရွေးနိုင်ပေမယ့် ခင်ဗျားရွေးတာအမှန်လို့ပြောနိုင်လို့လား။ ဒါကအရေးမကြီးပါဘူး။ ဝိန်းရွန်းနီက သူ့စိတ်ကြိုက်ရွေးချယ်ခဲ့တာပါပဲ။ ကျွန်တော့်အတွက်ဘာမှမဖြစ်ပါဘူး။ ပြဿနာဖြစ်စရာကိစ္စလည်းမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အခုလိုဂွါဒီယိုလာရဲ့ ပေါ့ပေါ့ပါးပါးတုံ့ပြန်မှုက သူဟာ တစ်ဦးချင်းဆုတံဆိပ်တွေထက် အသင်းလိုက်အောင်မြင်မှုကိုသာ ပိုမိုအလေးပေးတဲ့နည်းပြတစ်ဦးဖြစ်ကြောင်း ပေါ်လွင်စေခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားနည်းပြဟာ မကြာခဏဆိုသလို အသင်းလိုက်စွမ်းဆောင်ရည်ကိုသာ အလေးထားဖို့ ကစားသမားတွေနဲ့ ပရိသတ်တွေကို အမြဲတမ်းသတိပေးလေ့ရှိပါတယ်။

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရနေတဲ့ဟာလန်းအနေနဲ့ လာမယ့်လတွေအတွင်း မန်စီးတီးရင်ဆိုင်ရမယ့် ပွဲကျပ်ကာလတွေမှာ ဂိုးတွေဆက်လက်သွင်းယူနိုင်ဖို့ ကြိုးစားပြီး သူ့ရဲ့အစွမ်းအစကို ဆက်လက်သက်သေပြသွားမှာဖြစ်ပါတယ်။ ဟာလန်းသာ လက်ရှိခြေစွမ်းကိုထိန်းသိမ်းထားနိုင်မယ်ရင် ရာသီကုန် အကောင်းဆုံးကစားသမားရွေးချယ်မှုမှာတော့ ရွန်းနီအနေနဲ့ နော်ဝေသားကို လျစ်လျူရှုဖို့ ခက်ခဲလာနိုင်ချေရှိပါတယ်။