The network connection is lost.

Banner Image

မာရာဒိုနာဆီမှ လက်ဆောင်ပစ္စည်းကို အခူချိန်အထိ သိမ်းထားတဲ့ ရွန်းနီ

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ ၂၀၁၃ ခုနှစ်တုန်းက ယူနိုက်တက်အတွက် စိတ်ပျက်စရာကောင်းတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး တရုတ်စားသောက်ဆိုင်တစ်ခုမှာ ကမ္ဘာ့ဖလားဆုရှင် မာရာဒိုနာနဲ့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
 ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရွန်းနီဟာ အဲဒီတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဆာအဲလက်စ်ဖာဂူဆန်က သူ့ကို အရန်ခုံမှာပဲ ထားခဲ့တာကြောင့် အတော်လေး ဒေါသထွက်နေခဲ့တာပါ။ အဲဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ပရီးမီးယားလိဂ်ကစားသမားတွေ အသွားအလာများတဲ့ Wing's စားသောက်ဆိုင်ကို သွားခဲ့ရာမှာ မမျှော်လင့်ဘဲ မာရာဒိုနာနဲ့ ဆုံခဲ့တာဖြစ်ပြီး တင်းမာနေတဲ့ ညနေခင်းလေးဟာ အမှတ်တရကောင်းတွေ ဖြစ်သွားခဲ့ပါတယ်။"တကယ်တော့ အဲဒီညက ကျွန်တော်က အားကစားဝတ်စုံနဲ့ Wing's ဆိုင်ကို သွားခဲ့တာပါ။
 အဲဒီမှာ မာရာဒိုနာရှိနေလို့ ဓာတ်ပုံတွေ ဘာတွေ ရိုက်ခဲ့ပါသေးတယ်။ သူက ဝတ်စုံအပြည့်၊ နက်ကတိုင်နဲ့ ရှိနေတာပါ။ ပြီးတော့ သူက သူ့ရဲ့နက်ကတိုင်ကို ကျွန်တော့်ကို ပေးခဲ့ပါတယ်။ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ သူက သူ့နက်ကတိုင်ကို ချွတ်ပြီး ကျွန်တော့်ကို ပတ်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ ကလပ်အသင်း အားကစားဝတ်စုံ ဝတ်ထားတုန်းပဲလေ" လို့ ရွန်းနီက ပြောပြခဲ့ပါတယ်။