The network connection is lost.

Banner Image

အဂူရိုနဲ့ ဝိန်းရွန်းနီတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်သွင်းဂိုးစံချိန်ကို ဟာလန်း ကျော်ဖြတ်

ယမန်နေ့(တနင်္ဂနွေ့နေ့)၊ ဒါဘီပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီတီးတိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ချက်စတာဒါဘီပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။

အခုအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၆၀ မှာ နော်ဝေလက်ရွေးစင်ကစားသမားက သူ့အတွက် မန်ချက်စတာဒါဘီ ၈ ပွဲကစားပြီးချိန် ၉ ဂိုးမြောက်သွင်းဂိုးဖြစ်လာမယ့် အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါ့ကြောင့် မန်စီးတီးတိုက်စစ်မှူးက မန်ချက်စတာဒါဘီပွဲစဉ်သွင်းဂိုး ၈ ဂိုးစီ သွင်းယူထားနိုင်တဲ့ အဂူရို၊ ဝိန်းရွန်းနီတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ချက်စတာယူနိုက်တက်ကို ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမားတွေအဖြစ် မိုဆာလက်(၁၃ ဂိုး)နဲ့ အလန်ရှီးယား(၁၀ ဂိုး)တို့ပဲ ရှိပါတယ်။

တဖက်မှာလည်း ဟာလန်းက မန်စီးတီးအသင်းအတွက် ၁၆၈ ဂိုးအထိ သွင်းယူထားနိုင်ပြီး ကလပ်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်း တတိယနေရာမှာ ရှိနေကာ ဒုတိယနေရာရှိ အဲရစ်ဘရွတ်ထက် ၉ ဂိုးသာ လျော့နည်းပါတော့တယ်။