အဂူရိုရဲ့ပရီးမီးယားလိဂ်ဂန္တဝင်သွင်းဂိုးတော့ အစွန်းအထင်းဖြစ်သွားပြီလို့ အလန်ရှီးယား ပြောကြား
ပရီးမီးယားလိဂ်ဂန္ထဝင်အလန်ရှီးယားက မန်စီးတီးကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေတွေအပြင် အဂွဲရိုးရဲ့သမိုင်းဝင်သွင်းဂိုးနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ်ကာလ၊ ဘောလုံးရာသီတစ်ခုပိတ်သိမ်းဖို့ စက္ကန့်ပိုင်းသာ လိုအပ်တော့ချိန် အဂူရိုက ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကျော်ကြားဆုံးဖြစ်လာမယ့် သွင်းဂိုးတွေအနက် တစ်ဂိုးကို သွင်းယူပြီး မန်စီးတီးကို ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။
ဒါပေမဲ့ အခုလအတွင်း မန်စီးတီးနဲ့ပတ်သက်တဲ့ စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် ဒီသွင်းဂိုးရဲ့အဓိပ္ပာယ်သက်ရောက်မှု ပြောင်းလဲသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ပတ်သက်တဲ့စွဲချက်တွေက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ကိစ္စတွေအပေါ် မူတည်နေလို့ ဒီသွင်းဂိုးကလည်း အကျင့်ပျက်ခြစားမှုတွေ ပြည့်နှက်နေတဲ့ ကာလတစ်ခုရဲ့ အလယ်ဗဟိုဆီ ကျရောက်သွားပါတယ်။
Betfair နဲ့ ဆွေးနွေးခန်းမှာ အလန်ရှီးယားက မာတင်တိုင်လာရဲ့ နာမည်ကျော် "အဂွဲရိုးိုးိုး!" ဆိုတဲ့ အာမေဍိတ်အော်ဟစ်သံကို ရှုထောင့်အသစ်မှ မြင်တွေ့လာရလို့ ယခင်နဲ့မတူတော့တဲ့ ခံစားချက်မျိုး ရရှိလာတယ်လို့ ပြောကြားခဲ့ပါတယ်။
"ဒါက အလွန် ကြည့်ရဆိုးလွန်းလို့ အချိန်အကြာကြီးဆက်ရှိမနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲဒီပရီးမီးယားလိဂ်ကပဲ သူတို့ကို စွဲချက်ပေါင်း ၁၁၅ ခုနဲ့ စွဲဆိုထားလို့ သူတို့မှာ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိရတဲ့ အချက်တွေနဲ့အတူ စွဲချက်တွေက အလွန်ဆိုးရွားလွန်းပါတယ်"
"မန်စီးတီးက သူတို့ရရှိမယ့် ဘယ်လိုပြစ်ဒဏ်မျိုးနဲ့မဆို ထိုက်တန်ပါတယ်။ သူတို့ ဘာပြစ်ဒဏ်ရမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုအပ်ပြီး ဘာပြစ်ဒဏ်ပဲဖြစ်ပါစေ သူတို့တွေ ကိုယ့်ကိုယ်ကိုယ်မှလွဲလို့ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ချန်ပီယံဆုတွေ ဆုံးရှုံးခဲ့ရတဲ့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက် သို့မဟုတ် အာဆင်နယ်တို့လို တခြားကလပ်တွေကိုလည်း ထည့်သွင်းစဉ်းစားကြည့်ရပါမယ်၊ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေ ဆုံးရှုံးခဲ့ရတဲ့ တခြားကလပ်တွေနဲ့ တန်းဆင်းခဲ့ရတဲ့ တခြားကလပ်အသင်းတွေကိုလည်း စဉ်းစားပေးရပါမယ်"
"ပရီးမီးယားလိဂ်အတွက် အမှတ်တရအကောင်းဆုံးအခိုက်အတန့်တွေအနက် အကြီးကျယ်ဆုံးအခိုက်အတန့်ကတော့ အဂူရိုရဲ့အခိုက်အတန့်ပါပဲ။ အခုတော့ ဒါတွေအားလုံးမှာ အမည်းစက် စွန်းထင်သွားခဲ့ပါပြီ။ ကျွန်တော်ဆိုလိုတာက မာတင်တိုင်လာရဲ့အသံနဲ့ အဂွဲရိုးဂိုး သွင်းယူခဲ့တဲ့ အခိုက်အတန့်ကို ခင်ဗျားကြားရချိန်တိုင်း ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်ကို အမှတ်တရအဖြစ်ဆုံးပါပဲ။ အဲ့ဒီထိပ်တန်းကစားသမားတွေကို အသင်းဆီ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ဒီလိုအခိုက်အတန့်မျိုး သေချာပေါက် မဖြစ်လာနိုင်ပါဘူး။ ခင်ဗျားတို့လည်း သိတာပဲ မဟုတ်လား? ဒါကြောင့် ကျွန်တော်မသိတော့ပါဘူး။ တကယ့်ကို ကြီးမားလွန်းတဲ့ အရှုပ်ထုပ်ကြီးပါပဲ"
"ခင်ဗျားတို့တွေလည်း ပရိသတ်တွေအတွက်ပဲ စိတ်မကောင်းဖြစ်ပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပရိသတ်တွေနဲ့ ဘာမှမသက်ဆိုင်လို့ပါ။ အဲ့ဒီကာလမှာ ကစားသမားတွေနဲ့ နည်းပြတွေ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ဘူးဆိုရင် အဲ့ဒီကစားသမားတွေ အကုန်လုံးမဟုတ်ရင်တောင် တချို့တော့ မန်စီးတီးမှာ မရှိနေနို်ငပါဘူး" လို့ ပြောပါတယ်။
မန်စီးတီးရဲ့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီချန်ပီယံဆုက သူတို့ရဲ့ ခေတ်သစ်ပရီးမီးယားလိဂ် လွှမ်းမိုးမှုအတွက် ပထမဆုံးဆုဖလားဖြစ်ပြီး အကျင့်ပျက်ခြစားမှုကာလအတွင်း သူတို့တွေ ချန်ပီယံဆုကို သုံးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့လို့ နောက်ဆုံးဆုဖလားလည်း မဖြစ်လာခဲ့ပါဘူး။ ကလပ်အသင်းဘက်ကတော့ စွဲချက်အားလုံးကို ငြင်းဆန်ထားပြီး ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၂ ရက်မတိုင်ခင် အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်။