မြောက်လန်ဒန်ဒါဘီရှုံးပွဲအတွက် တော့တင်ဟမ်ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ပယ်လင်ဟာ
ယာအိုပယ်လင်ဟာက ပြိုင်ဘက် အာဆင်နယ်ကို ၄-၁ ဂိုးနဲ့ နာကျင်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ တော့တင်ဟမ်ပရိသတ်တွေကို တောင်းပန်ခဲ့သလို ဒီအပတ်မှာ "ကြီးမားတဲ့တုံ့ပြန်မှု" ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ တော့တင်ဟမ်က ပီအက်စ်ဂျီနဲ့ ခက်ခဲတဲ့အဝေးကွင်းပွဲစဉ် ကစားရဖို့ရှိနေပါတယ်။
ပယ်လင်ဟာက"ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ပရိသတ်တွေကို တောင်းပန်ရပါမယ်။ ပြောစရာစကား သိပ်မရှိပါဘူး။ သူတို့ကို ဒီလိုအခြေအနေနဲ့ ရှုံးရတာ အမြဲတမ်းစိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ရလဒ်က တရားမျှတတယ်လို့ ထင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ကြီးမားတဲ့တုံ့ပြန်မှု လိုအပ်ပါတယ်။ နောက်နှစ်ပွဲမှာ ကြီးမားတဲ့တုံ့ပြန်မှု လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရင်ကပြသခဲ့တဲ့ အသင်းကို ပြသရမှာမို့လို့ပါ။
ဒီအကြောင်း သိပ်အများကြီးပြောစရာမလိုပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ တုံ့ပြန်ရမယ်၊ ပွဲကိုခွဲခြမ်းစိတ်ဖြာရမယ်၊ ဒါပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာကို သိပ်ပြီးမတွေးပါနဲ့"လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ပယ်လင်ဟာက ပီအက်စဂျီနဲ့ပွဲစဉ်မှာ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းနဲ့ကစားနိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။
ပယ်လင်ဟာက "ကျွန်တော်တို့ ပီအက်စ်ဂျီနဲ့ စူပါဖလားပွဲစဉ်တုန်းက ခံစစ်သုံးယောက်တန်းနဲ့ပဲ ကစားခဲ့တယ်လို့ ထင်ပါတယ် ကျွန်တော်တို့ သူတို့ကို ဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ဒုတိယပိုင်း ကစားကွက်ပြောင်းဖို့ဆုံးဖြတ်လိုက်တဲ့အခါ အသင်းက တိုးတက်လာတယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းစပြီး ချက်ချင်းပဲ ဂိုးပေးလိုက်ရပေမဲ့ပေါ့။ ကျွန်တော်တို့ လူလဲလိုက်တဲ့အခါ ပိုကောင်းလာတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ ဂိုးပေးလိုက်ရတဲ့ပုံစံတွေ၊ အထူးသဖြင့် နောက်တန်း ၅ ယောက်နဲ့ကစားပြီး ဒီလိုဂိုးတွေပေးလိုက်ရတာမျိုး မဖြစ်သင့်ပါဘူး။ ဒီကိုလာပြီး လေးဂိုးနဲ့ အပြစ်ပေးခံရတာက ကျွန်တော်တို့အဆင့်အတန်း မဟုတ်ပါဘူး။ နောက်နှစ်ပွဲအတွက် ကျွန်တော်တို့အဆင့်အတန်းကို ပြန်ရယူသွားပါမယ်။ "ကျွန်တော် ကတိပေးနိုင်တဲ့ တစ်ခုတည်းသောအရာက နောက်ပွဲတွေမှာ နိုင်ပွဲရဖို့ အရာအားလုံးပေးဆပ်သွားမယ်ဆိုတာပါပဲ"လို့ ပြောခဲ့ပါတယ်။